ep2

24.1K 870 54
                                    

Unicode

ဒီနေ့နဲ့ဆိုရင်7ရက်ရှိပြီး
ရင်ခင်းတို့လက်ထပ်ပြီးတာ7ရက်ရှိပြီး
သင်္ဘောပေါ်မှာထဲကမတွေ့ရတော့တဲ့လင်ယောကျာ်းက သေသလား။ရှင်သလားဆိုတာလည်း သူမသိ။သိလည်းမသိချင်ပေ

"သခင်လေး ခိမ်းပြန်ရောက်လာပါတယ်"

ခိမ်းရဲ့အိမ်တော်ထိန်းကြီးဖြစ်ပါရဲ့
သခင်လေးလို့ဘာလို့ခေါ်လဲဆိုရရင် ရောက်ထဲကသူ့ကို"သခင်လေး"လို့ခေါ်ခိုင်းတဲ့ခိမ်းအမျိုးသားကရုပ်လေးနဲ့တစ်စက်မှမလိုက် ခက်ထန်လွန်းသည်။

ခိမ်းနဲ့အပြိုင်ဆိုးတဲ့ သခင်လေးဟုဆိုရမည်။နှစ်ယောက်လုံးသည် စရိုက်တူသည်။ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာမသိပေမယ့် မတည့်ကြမှာသေချာသလောက်ပင်။ခိမ်းကလည်း ဆိုးသည်။သခင်လေးပုံစံကြည့်ရတာလည်း ခိမ်းထက်မလျော့အောင်ဆိုးမည့်ပုံပင်

သခင်လေးရဲ့ စရိုက်ကတော့ တွေ့တာ7ရက်ဆိုပေမယ့် ထင်ထားတာထက်နားလည်ခက်တာကိုသိသည်။ကြမ်းတမ်းလားနူးညံ့လားဆိုရင် တွေဝေမှုမရှိဘဲ ကြမ်းတမ်းတယ်လို့ဖြေမိမှာ

"ခလွမ်း!ဒီကျက်သရေတုံး!!"

ကြမ်းတမ်းလှပါတယ်ဆိုတဲ့လူသည် အိုးဖုတ်တာကဝါသနာပါတဲ့။ခုဆို ခိမ်းရဲ့အိမ်ရဲ့အခန်းတစ်ခန်းသည် သခင်လေးရဲ့အိုးဖုတ်အခန်းလေးဖြစ်သွားပါတယ်။

ငြိမ်တယ်လို့မထင်ပါနဲ့။အမြဲ အိုးလေးတွေရဲ့ကွဲသံကိုကြားနေရတာကြောင့် တိတ်ဆိတ်လွန်းလှပါတယ်ဆိုတဲ့အိမ်တောင် ဆူညံ့သံတွေဖြစ်နေတာရက်တစ်ပတ်ကြာပြီးဖြစ်သည်။

"ငါခွဲလိုက်ရင် သိမ်းရမယ်ဆိုတာ
နားမလည်ဘူးလား"

"တောင်း တောင်းပန်ပါတယ် အကိုလေး"

"ဘာ အကိုလေးလည်း"

"တောင်းပန်ပါတယ် သခင်လေး"

ရင်ခင်း တကယ်ဒေါသထွက်မိသည်။ဘယ်လိုလူတွေကိုခန့်ထားမှန်းကိုမသိတာ။အသုံးမကျလိုက်တာ

"သွား ငါ့ အခန်းထဲကမြန်မြန်ထွက် မမြင်ချင်ဘူး"

"ဟုတ်ကဲ့ ဟုတ်ကဲ့"

ခပ်မြန်မြန်ထွက်သွားတဲ့ ကောင်မလေးကြောင့်

"ကျစ်! ဒီဟာတွေကို ငါကသိမ်းရမှာလား
တောက်!"

ခိမ်းWhere stories live. Discover now