Unicode
ပွဲထဲရောက်တာနဲ့ခိမ်းဟာ အနက်ရောင်suitနဲ့ထင်းထွက်နေသည်။ခိမ်းကိုရူပကာကိုစပြောရမယ်ဆို နီဖျော့ဖျော့ မျက်ဝန်းတွေကစပြီးပြောရမယ်၊ဖြောင့်စင်းနေတဲ့နှာတံ၊ထင်းထွက်နေတဲ့မေးရိုး၊ဝိုင်ကိုအရသာခံကာသောက်နေတဲ့နှုတ်ခမ်းတစ်စုံ ခိမ်းရဲ့ရုပ်ရည်သည် ပွဲထဲကမိန်းမငယ်လေးတွေရောယောကျာ်းငယ်လေးတွေအတွက် နတ်ဘုရားတစ်ပါးနဲ့တူလှသည်။
ခိမ်းရဲ့ဆံနွယ်တွေသည် သေချာပုံသွင်းထားတဲ့မူလအတိုင်း အရောင်နှစ်ရောင်စပ်ဖြစ်ပြီး အပေါ်တစ်ဝက်အောက်တစ်ဝက်ဖြစ်သည်။ခိမ်းဟာ သူထက်အသက်အများကြီးကြီးတဲ့လူတွေရှိတဲ့စကားဝိုင်းမှာဖြစ်တာမို့ငယ်ငယ်ရွယ်ရွယ်နဲ့တစ်ယောက်ထဲထင်းထွက်နေသည်။အရပ်ကြီးကအစ 6'4"မို့ အားလုံးရဲ့အထက်မှာပင်
"အမျိုးသားရော မပါဘူးလား"
"မပါပေမယ့် ဒါသူဆင်ပေးထားတဲ့suitလေ"
ခိမ်းရဲ့အပြောကြောင့် အကုန်လုံးသည် တဟားဟားဖြင့်ရယ်ပွဲကျကုန်သည်။သိပ်မကြွားဝါတတ်တဲ့ကောင်က ဒီလောက်လေးကိုဘာမဆိုင်ညာမဆိုင်ကြွားဝါတော့ သူတို့သည်ရယ်ရုံသာတတ်နိုင်သည်။
"ညနက်အောင် ကဲသွားနော်"
"အိမ်ထောင်သည်ဆိုတော့ ပြန်ချင်တဲ့အချိန်ပြန်လို့မရဘူးလေ အန်ကယ်တို့ကမိန်းမမကြောက်ရပေမယ့် ကျုပ်ကတော့ ယောကျာ်းကြောက်ရတဲ့ထဲပါတယ်လေ ဟား"
ခိမ်းက အရယ်နှောကာ အရင်လိုကောင်မဟုတ်တော့မှန်းသတိပေးသလိုလိုဆိုလာတော့ အကုန်လုံးကဘာမှမပြောနိုင်တော့ပေ။ခိမ်း ခြေငြိမ်သွားတာလည်း လက်ထပ်ပြီးမှလေ။အရင်က ခိမ်းဆိုတာ ပွဲတိုင်းကျော်ဘဲကို။ဒါက သူတို့အတွက်အထူးအဆန်းမဟုတ်
"ကဲ တစ်ခွက်နှစ်ခွက်တော့ သောက်ပေါ့ကွာ
မိတ်ဖြစ်ဆွေဖြစ်"ခိမ်းသည် လက်ထဲခွက်ကိုအနည်းငယ်သာ သောက်လိုက်သည်။သူနည်းနည်းဘဲ သောက်မှဖြစ်မည်။ရင်ခင်းကို ပန်းဝယ်ခဲ့မယ်လို့ပြောခဲ့သည်။အဲ့အတွက်မူးသွားလို့မဖြစ်ပေ
"ခိမ်း ဒီတစ်ခေါက် အန်ကယ်တို့ထုတ်ကုန်အသစ်ကို မင်းနဲ့လက်တွဲချင်တယ်ကွာ"