Unicode
"ဂါဓနီခိမ်းကို ဘာကောင်ထင်နေတာလည်း ခင်ဗျား"
"ခွေးကောင်လို့ ထင်တယ်ကွာ!"
"အလျော့ပေးတယ်ဆိုပြီး ရောင့်တက်မလာနဲ့ ကျုပ်ပြောပြီးသား။ချစ်တာကသက်သက် ချစ်လို့ အလိုလိုက်တဲ့ထဲမှာဂါဓနီခိမ်းမပါဘူး"
"သောက်ရမ်းတွေအလိုလိုက်ရှာတော့ သောက်ရမ်းတွေချစ်ပြထားတော့ ငါကကြောက်တာပေါ့"
ရင်ခင်း စကားအဆုံးမှာခိမ်းကလက်ရွယ်လာသည်။သေချာပေါက် ရင်ခင်းဟာအနီးအနားမှာရှိတဲ့အိုးတစ်လုံးကိုကောက်ဆွဲပြီးသားပင်။မျက်နှာကိုပိုနီးကပ်အောင်မော့ထားလိုက်သည်။
"ခင်ဗျားနော် ခင်ဗျား"
"ဘာလည်း မင်းလုပ်စာထိုင်စားတယ်ဆိုပြီး သောက်ဖင်မယားနဲ့။ဒီနိုင်ငံမှာ မင်းအိမ်ထက်ကြီးတဲ့အိမ်တောင်ဝယ်ပြီးနေနိုင်တယ် သိလား"
"ခင်ဗျားအိုးတွေက ဘယ်လောက်များတန်လို အဲ့လောက်တောင် လေကြီးနေရတာလည်း"
"သောက်ပေါက်ပိတ်ထား
ဂါဓနီခိမ်းကို ဘာကောင်ထင်နေလည်းဆိုတဲ့မင်းစကားအတိုင်းဘဲ ရင်ခင်းခက်ဗျာကိုလည်း ဘာကောင်ထင်နေလည်း""ခင်ဗျားဟာလေ တကယ့်ကိုသောက်ကြောကြီးတဲ့လူဘဲ။လူကြည့်တော့ မခုန်တတ်တဲ့ကြောင်လိုလိုနဲ့"
"အဲ့ဒါမင်းအမြင်လေ"
ခိမ်းဆက်မပြောချင်တော့
ဒီလူကိုယူမိတဲ့သူ့အမှားပင်
အမှားလို့တွေးပေမယ့် နောင်တရလားမေးရင်တွေဝေမှုမရှိဘဲ"no"တစ်လုံးထဲတန်းဖြေမိမှာ။သူ့ ဒီလူကိုကြိုက်သည်။"မင်း ငါ့အခန်းထဲကထွက်"
"အေး ခင်ဗျားသာကျုပ်လူတွေကိုအလုပ်လိုက်မဖြုတ်နဲ့"
"မင်းကိုပြောတဲ့စည်းကမ်းချက်ထဲမှာ ဒီအိမ်မှာ ငါ့ကြိုက်သလိုခြယ်လှယ်မယ်လို့ပြောပြီးသား။လက်မခံနိုင်ရင် ပထမတစ်ခုက ငါ့အိမ်မှာလိုက်နေ၊ဒုတိယတစ်ခုက ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်"
"ခင်ဗျားရဲ့ ပေါချာချာ စည်းကမ်းချက်တွေဘာတွေကျုပ်စိတ်မဝင်စားဘူး။အေးနော် လုပ်ရဲလုပ်ကြည့် ခိမ်းဘာကောင်လည်းဆိုတာပြမယ်။နည်းနည်းလေးအလျော့ပေးထားတာကို ရောင့်တက်မနေနဲ့"