Unicode
ခိမ်းသည် ပြန်မလာပါ။ညအချိန် 12ကျော်သည့်အထိပြန်မလာပါ။ရင်ခင်းသည် သူ့သွားတဲ့နေရာကိုသိသော်လည်းမလိုက်သွားပါ။အဲ့နေရာကို ရင်ခင်းမနှစ်မြို့တာကြောင့် အိမ်မှာဘဲ ထိုင်စောင့်နေလိုက်သည်။
ဒီလူဆိုးကောင်!!!
ရင်ခင်းသည် ထိုင်စောင့်နေတာကြာလာတာကြောင့် ကားသော့ဆွဲကာ ထလိုက်သည်။ဒီလူဆိုးကောင်ကိုဆုံးမမှဖြစ်တော့မယ်။
အဝမှာတင် ရင်ခင်းမျက်လုံးများသည် စူးရဲသွားတော့သည်။မျက်လုံးတောင်မဖွင့်နိုင်တော့တဲ့အထိမူးနေတဲ့သူ့လူဆိုးကောင်ကို ကောင်လေးတစ်ယောက်ကတွဲလာတဲ့ပုံရိပ်ပင်
"ကိုကို မူးနေလို့
ကိုကိုအခန်းဘယ်နားမှာလည်းဟင်""ဒါ ငါ့ယောကျာ်း!"
ရင်ခင်းသည် ငမူးကောင်ကိုဆောင့်ဆွဲကာပြောလိုက်သည်။လူမှန်းသူမှန်းမသိအောင် မူးလာတဲ့ကောင်က အသိမရှိပုံပေါ်သည်။သူ့ဆောင့်ဆွဲတဲ့အရှိန်တိုင်းပါလာသည်။
တစ်ဖက်ကောင်လေးသည် ရင်ခင်းအကြည့်တွေကိုမခံနိုင်ပုံရကာ ခေါင်းကိုငုံချပြစ်သည်။ရင်ခင်းဘာမှမပြောဘဲ လူဆိုးကောင်ကို တွဲကာ အခန်းကိုသာဝင်သွားလိုက်သည်။
တစ်ဖက်ကောင်လေးသည် ချက်ချင်းပြန်သွားပုံကားသံကိုကြားလိုက်ရသည်။ရင်ခင်း လူဆိုးကောင်ခန္ဓာကိုယ်ကြီးကို ကုတင်ပေါ် တင်ချလိုက်သည်။
"ပူတယ်!"
"သေလိုက်!"
ရင်ခင်းသည် အဲ့တစ်ခွန်းသာပြောပြီး ဘေးနားမှာဝင်အိပ်လိုက်သည်။မလုပ်ပေးပါ ရင်ခင်းအနေနဲ့သွားချင်ရာသွားပြီးပျော်ပါးနေတဲ့ယောကျာ်းတစ်ယောက်ကို အင်္ကျီလည်းမလဲပေးနိုင်သလို၊ဖိနပ်လည်းမချွတ်ပေးနိုင်၊ဒါက သူ့မာနပင်
မချစ်သေးလို့ပါဆိုတဲ့စကားကိုအသာထား၊ရင်ခင်းစရိုက်သည် မာနကိုကိုးကွယ်တဲ့စရိုက်ဖြစ်သည်။ချစ်သွားခဲ့ရင်တောင် ရင်ခင်းကိုဒီလိုအချိုးမျိုးလာလုပ်ရင် လုပ်ပေးမှာမဟုတ်။ရင်ခင်းခက်ဗျာဆိုတဲ့ကောင်က မင်းတို့ထင်ထားတာထက်စာရင် အများကြီးမာနကြီးပြီး အထက်စီးဆန်တဲ့စရိုက်မျိုးပင်။