ep8

12K 499 13
                                    

Unicode

"ရင်ခင်း!"

"ဘာလဲကွာ အလုပ်ပိတ်ရင်လည်း အေးဆေးနေကွာ ငါအားမနေဘူး"

ရင်ခင်းသည် ရွံ့တုံးကိုဖြတ်ကာ ပြောလိုက်သည်။မနက်မိုးလင်းထဲသူ့စိတ်သည် ကြည်လင်အေးချမ်းနေသည်။ထုံးစံအတိုင်း ဝါသနာပါတဲ့အရာကိုအေးအေးချမ်းချမ်းသာမနက်ထဲကထိုင်လုပ်နေမိသည်။စိတ်ပါနေတဲ့အချိန် နှောက်ယှက်ရင် တကယ်မကြိုက်။

"ကျုပ် ခင်ဗျားအသားကိုထိတောင်မထိရသေးဘူး ဘာဖြစ်နေတာလည်း"

"မင်းမကြာခင် ငါ့ကိုကလိတော့မှာကြိုသိနေလို့လေ"

"အဲ့ဒါဆို လူဆိုးကောင်လို့ခေါ်"

"အားအားယားယား ခေါ်စရာလား"

"ဟွန်း!"

ထိုင်ခုံတစ်လုံးဆွဲကာ ဘေးနားလာကပ်နေတဲ့လူဆိုးကောင်ကိုခပ်စောင်းစောင်းလေးသာကြည့်ပေးလိုက်သည်။ရင်ခင်း ဂရုမစိုက်ဘဲ ကိုယ်လုပ်စရာရှိတာဘဲလုပ်လိုက်သည်။ဒီကောင် သိပ်ဇယားရှုပ်လွန်းအားကြီးတယ်။

"လူဆိုးကောင်!!!"

"ဗျာ!"

"မင်း!"

"ခင်ဗျားအလုပ်ခင်ဗျား ဆက်လုပ်လေ"

"မင်း လုပ်နေတာ
ငါဘယ်လိုဆက်လုပ်ရမလည်း"

"အဲ့ဒါ ခင်ဗျားသမိုင်း "

အကြောတင်းသည် အနောက်နေ သိုင်းဖက်ကာ အင်္ကျီအောက်ထဲလက်ထိုးထည့်လာသည်။ရင်ခင်း သက်ပြင်းကိုခပ်ပြင်းပြင်းချကာ သူနဲ့မျက်နှာချင်းဆိုင် လှည့်လိုက်သည်။

"ခိမ်း မင်းအေးဆေးနားနေလိုက်ပါလား
ငါ့ကိုစိတ်ရှုပ်အောင်လာမလုပ်စမ်းပါနဲ့"

"ခင်ဗျားက ကျုပ်ဘာလုပ်လုပ်စိတ်ရှုပ်နေတာလေ"

"အဲ့ဒါဆို မင်းဘယ်လောက်စိတ်ရှုပ်ဖို့ကောင်းနေပြီးလည်း ကိုယ်ကိုယ်ကိုယ်သိလေ"

"သိစရာအကြောင်းကိုမရှိတာ
ကျုပ်ဘာလုပ်လုပ်မှန်တယ်"

"ဂါဓနီခိမ်း!!"

"တောက်!!ခင်ဗျားက အမြဲတမ်းဒီလိုဘဲ"

ခုံကို ပိတ်ကန်ပြစ်ကာ ခိမ်းထွက်လာတော့သည်။ဒီလူဟာ ချစ်ပြလို့မရတဲ့လူစားမျိုး။ရှား"ပါး"အလုပ်နားတဲ့ရက်ဆို ဘယ်သူမဆို ကိုယ်ယူထားတဲ့လူနားဘဲကပ်ချင်ကြတာဘဲလေ။ခိမ်းလည်း ကပ်ချင်တာပေါ့။နှစ်သစ်ကို ဒီလူနဲ့ဘဲဖြတ်သန်းချင်တာပေါ့

ခိမ်းWhere stories live. Discover now