Unicode
"Daddy သားကခန့်ကျောကြီးဘဲကွ!"
"ခစ်ခစ်!"
"ဟော ဒီနေ့ငါ့သား စိတ်ကြည့်နေပါလား"
"ခစ်ခစ်!"
Jadonသည် တခစ်ခစ်ရယ်ကာ သဘောတကျဖြစ်နေတဲ့ခိမ်းပေါက်ကို အူးယားစွာ နမ်းမွေ့ပစ်လိုက်သည်။ဒါကိုတောင် သူကပိုသဘောကျနေသည်။ရှေ့သွားလေးတွေပေါ်တဲ့အထိ တခစ်ခစ်သဘောကျနေသေးသည်။
"မွ မွ!Daddyခိမ်းပေါက်လေး ချစ်လိုက်တာကွာ
ဒီပေါက်စသေးသေးလေးကို မွ!""ခစ်!Dad!"
နီဖျော့ဖျော့မျက်လုံးလေးတွေ မှိတ်သွားတဲ့အထိ သဘောတကျရယ်မောနေတဲ့ကလေးလေးသည် တစ်နှစ်ကျော်လေးသာ ရှိသေးသည်။လမ်းစလျှောက်ခါစလေးဖြစ်ပြီးJadonဘာလုပ်လုပ် မျက်လုံးဝိုင်းလေးတွေနဲ့စူးစမ်းတဲ့အရွယ်ကလေးဖြစ်သည်။သိပ်ချစ်ဖို့ကောင်းတဲ့ အပြုအမူလေးတွေလည်းလုပ်တတ်ပြီး လူဆိုးရဲ့စိတ်ကိုလည်း နူးညံစေခဲ့သည်။
"ခိမ်းပေါက် ဒီစာရွက်တွေနဲ့ဆော့နှင့်နော် Daddy အလုပ်လုပ်လိုက်အုံးမယ်"
ချော့ပြောသလိုလေးပြောတော့ ပေါက်စက ခေါင်းငြိမ့်ပြသည်။ကိုယ့်သားမို့ပြောတာမဟုတ်ဘူး ခိမ်းပေါက်က သူ့ဖေဖေလိုအသွက်ကလေး၊အရမ်းလည်းချစ်ဖို့ကောင်းသည်။ပြောစကားလည်း နားထောင်ပြီး တော်တော်သိတတ်တဲ့ကလေးလေး
"Dad!!"
"ဗျာ ဗျာ"
Jadonသည် အခု အလုပ်စားပွဲခုံပေါ်မှာရှိပြီး ခိမ်းပေါက်က သူ့အလုပ်စားပွဲရဲ့အောက်ကိုရောက်လာသည်။Jadonချပေးထားတဲ့စာရွက်တွေကို တစ်ရွက်ချင်း သူ့လက်သေးသေးလေးတွေနဲ့ဖြဲနေတာဖြစ်သည်။ခိမ်းပေါက်ရဲ့ အကျင့်ကတော့စာရွက်မြင်ရင် စာရွက်တွေကိုလိုက်ဖြဲတတ်ပြီး အရုပ်တွေဆိုလည်း ဖျက်ဆီးတတ်တာဖြစ်သည်။ကလေးတွေရဲ့ဆော့နည်းက ဒီလိုဘဲ
"ဟော ပေါက်စ မင်း!!"
"ခစ်!"
ဒေါသထွက်သလိုလေးလုပ်ပြတော့ ပေါက်စက သွားလေးနှစ်ချောင်းပေါ်အောင် တခစ်ခစ်ရယ်ပြန်သည်။ရယ်လိုက်ရင် ခိမ်းပေါက်က honeyနဲ့တူသည်။မျက်လုံးအရောင်လေးတွေက သူနဲ့တူပြီးမျက်နှာအစိတ်အပိုင်းတော်တော်များများလည်းJadonနဲ့ဆင်တူသည်။Honeyနဲ့တူတဲ့အရာတွေသိပ်မရှိ