Unicode
"အိမ်တော်ထိန်းကြီး ခိမ်းဘယ်လိုနေသေးလည်း"
"အပေါ်ထပ်အခန်းမှာပါ သခင်လေး"
သခင်လေးသည် ရောက်ရောက်ချင်းသူ့စကားကိုတောင်မစောင့်ဘဲအပေါ်ကိုပြေးတက်သွားသည်။အိမ်တော်ထိန်းကြီးပြုံးမိသွားသည်။ဒီကလေးကမချစ်ရင်တောင်ခိမ်းအပေါ်သံဃောဇဉ်ကြိုးတွေရှိနေမှန်းသိသာလှသည်။
"ခိမ်း!"
ရင်ခင်း ခပ်တိုးတိုးခေါ်တော့ အိပ်နေတဲ့ခိမ်းကအနည်းငယ်လှုပ်ရွလာသည်။နှဖူးပေါ်လက်တင်ကြည့်တော့ တကယ်ကိုယ်တွေကျစ်ကျစ်တောက်ပူနေသည်။
"ဒီလောက်ဖြစ်နေတာ ဆရာဝန်တောင်မခေါ်ကြဖူးလား တောက်!"
"ရင်ခင်း"
"အင်း ငါပြန်ရောက်ပြီး လူဆိုးကောင်"
ခိမ်းကရင်ခင်းလက်ကိုအသာအယာစုပ်ကိုင်လိုက်သည်။ရင်ခင်းပူပေမယ့်မရုန်းမိပါ၊ရုန်းချင်တဲ့စိတ်လည်းရှိမနေ
"လွမ်းနေတာ"
"တော်စမ်း လူဆိုးကောင်
ငါ့ကိုနောက်ကြောင်းမဖြောင့်အောင်လုပ်ပြီးခုမှလွမ်းနေတာလုပ်မနေနဲ့""ကျုပ်ချမ်းတယ်"
"ခနေန ဖက်ပေးထားမယ်
ခုဆရာဝန် ဖုန်းဆက်လိုက်အုံးမယ်"လူဆိုးကောင်ခိမ်းဟာမလွတ်ပေးပါ။သူ့လက်ကိုတင်းတင်းဆွဲထားသည်။ရင်ခင်းခပ်သာသာရုန်းတော့လည်းမလွှတ်ပေးသေး
"လွမ်းနေတာပါဆို ခင်ဗျားကလည်း"
"Ok Ok"
ရင်ခင်းသည် အားတဲ့လက်ကနေ အနီးအနားမှာရှိတဲ့ခိမ်းဖုန်းကိုယူပြီးဆက်ရသည်။လက်တစ်ဖက်က ခိမ်းရဲ့လက်နှစ်ဖက်ကြားထဲကျစ်နေအောင် အကိုင်ခံထားရသည်။ဖုန်းဆက်ပြီးတာနဲ့ ရင်ခင်း ခိမ်းဘေးနားဝင်လှဲလိုက်သည်။
"ရင်ခင်း"
"အင်း ငါရှိတယ် လူဆိုးကောင်"
"လွမ်းနေတာ နောက်ကျ ခင်ဗျားနောက်ကိုလိုက်ခဲ့မယ်နော်"
ရင်ခင်းမဖြေ ဟုတ်တယ်၊ဒါနဲ့ပက်သက်ပြီးလူဆိုးကောင်ရိပ်မိအောင် ပေါ်ပေါ်ထင်ထင်သူ့စရိုက်တွေအကုန်ချပြသော်လည်း သူ့အလုပ်တွေကိုချပြလိုက်ဖို့ရာ အဆင်မပြေသေး။ခိမ်းအကြောင်းကိုသူမသိရသေး ဒါနဲ့ပက်သက်ပြီးတော့ ရင်ခင်းစုံစမ်းမှာမဟုတ်၊ ခိမ်းပြောလာတဲ့အထိစောင့်မယ်