ep31

6.3K 216 7
                                    

Unicode

"အားးး ငါတူလေးရပြီး"

"ကျွန်တော် ကျွန်တော်လူဖြစ်ပြီးကွ!"

မိုးရိပ် မိနန်းတို့လင်မယားကိုကြည့်ကာ ပျော်ရွှင်နေမိသည်။မိနန်းဗိုက်ထဲက ဘေဘီပိစိလေးကိုသူတို့မျှော်နေခဲ့တာ နှစ်အတော်ကြာပြီးမဟုတ်လား။ပိစိလေးကအခုမှဘဲ ရောက်လာတော့သည်။

"အမွှာလေးမွေးပြီး ငါနဲ့Jadonကို တစ်ယောက်ပေး"

"ကျွန်တော်တော့ မပေးနိုင်ပါဘူးဗျာ
နှစ်ယောက်မွေးရင် ဘယ်တစ်ယောက် ညာတစ်ယောက်ချီပြီး သုံးယောက်မွေးရင်တော့ ဂုတ်ပေါ်တင်ထားမယ်၊တစ်ယောက်ထဲမွေးရင် ရင်ခွင်ထဲထည့်ထားမယ်။အကိုလေးကိုတော့ မပေးနိုင်ဘူး"

"မပေးလည်း နေပေါ့
ငါလည်း Jadonကိုမွေးခိုင်းမှာ"

အကိုလေးရဲ့ ကလေးဆန်ဆန်အပြောကြောင့် လင်မယားနှစ်ယောက်ရယ်လိုက်ကြသည်။မိနန်းနဲ့လင်းထက်တို့ ကလေးယူဖို့ကြိုးစားနေသည်မှာ အချိန်အတော်ကြာနေပြီး ဖြစ်သည်။သူတို့ရတနာလေးသည် သူတို့ရင်ခွင်ထဲကိုရောက်ဖို့ အချိန်အများကြီးယူပြီးမှရောက်လာသည်။

"လင်းခက်"

"ဟုတ်ကဲ့ အကိုလေး"

"ငါတို့ မြို့ပေါ်မှာ သွားနေသင့်တယ်
မိနန်းကို တောထဲမှာထားဖို့ ငါစိတ်မချဘူး"

"ကျွန်တော်လည်း အကိုလေးကိုအဲ့ကိစ္စပြောမို့"

"အဲ့ဒါဆို နေရာရှာထားလိုက်ပေါ့
အရင်အိမ်မှာတော့ ငါမနေချင်ဘူး
ဒီတစ်ပတ်Jadonလာရင် ငါတို့ပြောင်းနေကြမယ်"

"ဟုတ်ကဲ့ အကိုလေး
ဒါနဲ့ စပ်စုတယ်မထင်နဲ့နော်
အကိုလေးJadonနဲ့ယူပြီးရင် New Yorkကိုလိုက်သွားမှာလား"

"အင်း အဲ့လိုဖြစ်ဖို့များတယ်
ဒါပေမယ့် မင်းတို့လင်မယား ကလေးနဲ့​နေသားကျသွားမှငါက စဥ်းစားမှာပါ။"

"Jadonရော ဒီကိစ္စကို မဟဘူးလား"

"ပြောတာမှ ငါ့နားရွက်တောင် ပေါက်ထွက်မတက်ဘဲ၊အပတ်တိုင်း သူနဲ့လက်ထပ်ဖို့ပြောတာ အမှန်တိုင်းပြောရရင်JDEဂိုဏ်းထဲကို ဝင်ဖို့ ငါနည်းနည်းစိုးရိမ်တယ်။အရမ်း အန္တရာယ်များလို့၊ဒါပေမယ့်လည်း ငါ့ချစ်တဲ့လူအတွက်ဆို လုပ်ရဲပါတယ်။မင်းတို့လင်မယားလည်း ကလေးနဲ့အဆင်ပြေ၊မင်းကိုလည်းလုပ်ငန်းတွေလွဲပြီးသွားရင် အေးအေးဆေးဆေး Jadonချစ်တာဘဲ ခံတော့မယ်"

ခိမ်းWhere stories live. Discover now