Unicode
"ဟူး!"
ရှည်လျားတဲ့သက်ပြင်းချသံသည် နာရီအတော်အတန်ကြာတဲ့အထိကြားနေရပေမယ့် ယခုထိတိုင်အောင် ကြားနေရဆဲဖြစ်သည်။စေတန်လည်း ခေါင်းခါရင်း အသည်းအသက်လေးခေါ် hanrethaရဲ့ဖုန်းကိုချလိုက်သည်။
"သက်ပြင်း တချချနဲ့ကွာ
စိတ်မချရင်လည်း ပြန်ပေါင်းပေါ့ကွာ
ဟိုက ကွာရှင်းစာချုပ်မှမပို့သေးတာဘဲ""ငါက အဲ့ဒါကြောင့်မဟုတ်ပါဘူး
မင်းလည်း သိရဲ့သားနဲ့""ငါ မေးပါအုံးမယ်
မင်းပြောတော့ Jadonကိုသတ်မှာဆို
အခု မသတ်ဘဲ ဘာလို့ပြန်လာတာလဲ""အကြောင်းစုံကို လူစုံရင် ပြောပြမယ်"
"မင်း မဟုတ်မှဂါဓနီခိမ်းဆိုတဲ့ကောင်လေးကိုချစ်မိသွားတာလား"
"အင်း အဲ့ဒါလည်းပါတယ်
ဒါပေမယ့် အဲ့ထက်ပိုအရေးကြီးတဲ့အကြောင်းတွေလည်းရှိတယ်။အခုလောလောဆယ် ခိမ်းဘာလုပ်နေလည်းဆိုတာ hanrethaဘာပြောလဲ""အလုပ်မလာဘူးတဲ့
အိမ်ကိုသွားကြည့်တော့လည်း အခန်းထဲကနေ ထွက်တောင်မတွေ့ဘူးတဲ့။အလုပ်တွေ ကြည့်လုပ်ထားပေးတဲ့။ကလေးကအလုပ်များနေလို့ ငါနဲ့တောင်ဖုန်းခနဘဲ ပြောနိုင်တယ်""တစ်ခုခုများ ဖြစ်နေတာလားမသိ"
စေတန်သည် မျက်နှာပျက်ယွင်းနေတဲ့ရင်ခင်းကြောင့် မျက်မှောင်ကျုံ့သွားလို့နေသည်။ဒီကောင် အစထဲကမပျက်နိုင်ရင် ဘာလို့ကွာရှင်းခဲ့သေးလည်းဆိုတဲ့အတွေးတွေက ခေါင်းထဲဝင်လာသည်။လူစုံရင် ပြောပြမယ်ဆိုတဲ့ရင်ခင်းက ရောက်ထဲကတစ်လုံးမှမဟသေး။
ကိုယ်ရည်းစားနဲ့ဖုန်းပြောရင် ဘေးကနေ ခိမ်းအကြောင်းကိုမေးခိုင်းပြီး သက်ပြင်းတချချလုပ်တတ်သေးသည်။ဟိုဘက်ကကောင်လေးလည်း အတော်လေးခံစားရလိမ့်မယ်ဆိုတာ ရိပ်မိပြီးသားပင်
"သူ့အိမ်တော်ထိန်းကို အကျိုးအကြောင်းဖုန်းဆက်မေးကြည့်ပေါ့"
"မမေးချင်ဘူး"
"ကျစ်! မင်းတို့ဘာဖြစ်ခဲ့တာလဲ
မင်းမိဘတွေအတွက်လက်စားချေဖို့ လုပ်ခဲ့တာနော်။အခု အကောင်အထည်မဖော်တဲ့အပြင် ဘာလို့အရှုံးသမားလို လုပ်နေရတာလဲ"