Unicode
အချိန်တွေကုန်လာသည်။
တစ်နှစ် နှစ်နှစ် ငါးနှစ်အကြာမှာ အရာအားလုံးကပြောင်းလဲသွားသည်။ခေတ်နဲ့အညီ ပတ်ဝန်းကျင်ဟာ တိုးတက်လာခဲ့သလို ကောင်လေးတစ်ယောက်ရဲ့ဘဝဟာလည်း အတော်လေးကိုပြောင်းလဲသွားသည်။ဂါဓနီခိမ်းဆိုတဲ့ကောင်လေးက အသက်15နှစ်ဆိုတဲ့အရွယ်ကိုရောက်လာသည်။အရင်က 10နှစ်အရွယ် စိတ်ရောဂါသည်လေးဟာ အခုချိန်မှာ ပကတိကောင်းမွန်နေပြီးဖြစ်သလို လောကကြီးကိုလည်း ကောင်းကောင်းကြီးအရွဲ့တိုက်တတ်နေပြီး။အခုဆို ဂါဓနီခိမ်းဆိုတဲ့15နှစ်အရွယ်ကောင်လေးဟာကိုယ်ခံပညာကိုလည်း ကောင်းကောင်းတတ်နေပြီ၊သူကိုယ်သူလည်းကာကွယ်နေတတ်ပြီ၊အင်း ဒီအသက်အရွယ်လေးနဲ့သေနတ်လည်းကိုင်တတ်နေခဲ့ပြီး
"အိမ်တော်ထိန်း ဆိုင်ကယ်သော့"
"ဆိုင်ကယ်နဲ့မသွားပါနဲ့လား ခိမ်းပေါက်ရယ်
အန္တရာယ်များလွန်းတယ် အိမ်တော်ထိန်းကြီးDriverခေါ်ပေးမယ်လေကွယ်""အိမ်တော်ထိန်းကြီးက ကျွန်တော်ဘာလုပ်နေလည်းဆိုတာ လူသိခံမလို့လား။ဒီလူတွေကို ယုံတယ်ပေါ့"
"အဲ့လိုတော့ မဟုတ်ဘူးပေါ့ ကလေးရယ်
မင်းအသက်အရွယ်နဲ့ ဆိုင်ကယ်ဘီးကြီးတွေစီးတာ အရမ်းအန္တရာယ်များလွန်းတယ်။ဒီဖိုးအေကြီးက မင်းကိုစိတ်ပူလို့ပါကွယ်"အိမ်တော်ထိန်းစကားကြားတဲ့အခါ ခိမ်းပေါက်ရဲ့နှုတ်ခမ်းတွေကော့ညွှန့်သွားသည်။ပြီးနောက် ခိမ်းဆီက ခပ်ပေါ့ပေါ့စကားတွေထွက်ကျလာတော့သည်။
"မွေးထားတဲ့ဖအေတောင် ဂရုမစိုက်တာ၊ကျွန်တော်သေသွားလည်း အရေးမကြီးပါဘူး။အိမ်တော်ထိန်းကြီးကတော့ ငိုပေးပေါ့။ဒါမှ အသုဘနဲ့တူလောက်မှာ"
"ခိမ်းပေါက် သွားခါနီးကြီးကို ဘာလို့မဟုတ်တရုတ်စကားတွေလျှောက်ပြောနေရတာလဲ"
"စကားအဖြစ်ပြောတာပါ အိမ်တော်ထိန်းကြီးရာ
သော့မြန်မြန်ပေးပါ အချိန်တိကျမှရမှာပါဆို"နောက်ဆုံးတော့ အိမ်တော်ထိန်းလည်းမနိုင်တာမို့ ဆိုင်ကယ်သော့ပေးလိုက်ရသည်။15နှစ်သာ ပြောတာ ခိမ်းပေါက်အရပ်က6ပေတောင် ပြည့်လုနီးပါးရှိသည်။ဖအေတူသားက အသက်သာပြည့်ရင် သူ့ဖအေလိုအရပ်အရှည်ကြီးပိုင်ဆိုင်မယ်ထင်ပါရဲ့။