ep13

8.9K 368 16
                                    

Unicode

"စက္ကမထင်!"

ဟိန်းထွက်နေတဲ့အသံ
ကြားချင်တာ ဒီအသံမှမဟုတ်တာ
စိတ်ပျက်စွာ စုတ်သတ်မိသည်။

သူပုံကိုကြည့်ကာ ဂိုဏ်သားတွေကလူကောင်သေးသေးနဲ့သူ့လူတွေထဲကအ​ကောင်ကြီးကြီး​တွေကိုသတ်ဖြတ်နေတဲ့ကောင်နားကိုသွားသည်။စက္ကမထင်တားလိုက်သည်။မဟုတ်ရင် အကုန်လျောကုန်လိမ့်မည်။

"မသွားနဲ့"

အမိန့်သံနဲ့ဟိန်းထွက်နေတဲ့စက္ကအသံအဆုံး အကုန်လုံးကဆိတ်ငြိမ်းသွားသည်။တစ်ဖက်လူဖြစ်တဲ့Lawကလည်း သူ့ဘက်ကိုလှည့်လာသည်။

"မျှော်နေတဲ့လူမလာဘဲ
မမျှော်တဲ့လူက လာရတယ်လို့"

"မင်းအပေါက်ပိတ်ထား မထင်"

ရင်းရင်းနှီးနှီးအသုံးအနှုန်းကြောင့် စက္ကမထင် ငြိမ်သွားသည်။လာရင်းနှီးပြနေတယ် ခုမှ၊သူ့တပည့်ကျမပေးဘဲ

"ဆုံးရှုံးမှုပြော ငါပြန်လျော်ပေးမယ်"

"ခွေးစကားမပြောနဲ့ မင်းလုပ်ထားတဲ့အတိုင်းအတာမင်းအသိဆုံး"

"ငါက စိုင်းများ စိတ်ဆိုးပြီးငါဆီလာမယ်ထင်လို့ပေါ့ မင်းလက်နက်ဂိုထောင်တစ်လုံးလောက်မှမဟုတ်ဘူး၊ဆယ်လုံးဆိုလည်းငါလျော်နိုင်တယ်"

သူ့စကားကြောင့်Lawကမျက်ခုံးတွေကျုံ့သွားသည်။မတက်နိုင်ဘူး စက္ကမထင်က အမြဲအဲ့လိုဘဲပြောတတ်တာ နာရင်သေလိုက်

"မင်းအခု စျေးကွက်ထဲမှာဖြန့်ဖို့လုပ်ထားတဲ့ဆေးဂိုထောင်ကို ငါမီးပြန်ရှို့ပြမယ် ကြည့်နေ"

"ချီးဘဲ!."

တင်းမာနေတဲ့Law မျက်နှာကြောင့်ဒီတစ်ခေါက်မျက်ခုံးတွန့်ရတာသူ့ကိုယ်တိုင်ပင်။စောက်ကောင်းကျိုးကိုမပေးတဲ့ကောင် ငယ်ငယ်ကရော၊အခုရော

"သူ့မျက်နှာလေးမြင်ချင်လို့လုပ်လိုက်တာ
မင်းက နည်းနည်းပါးပါးနားလည်ပေး​လေ၊မင်းဂိုထောင်လေးတစ်လုံးထဲနဲ့ဘဝမပျက်သွားဘူး"

"ဒီလိုစောက်ချိုးမျိုးချိုးလို့ မင်းကိုဟိုကပြန်မကြိုက်တာ"

ဒါမှ စက္ကမထင်ရဲ့သူငယ်ချင်းLawစရိုက်အစစ်

သူငယ်ချင်း ဟုတ်တယ်၊အခုအရှေ့မှာရှိနေတဲ့Lawခေါ် ရင်ခင်းခက်ဗျာက စက္ကမထင်ရဲ့သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးဖြစ်သည်။သူငယ်ချင်းဆိုတာ ဘယ်သူ့မှမသိ၊အကုန်လုံးကရန်သူဘဲထင်ကြသည်။စိုင်းတောင်မသိ

ခိမ်းWhere stories live. Discover now