ep27

6.8K 270 20
                                    

Unicode

"bossနဲ့bossက​တော်ကောင်းကောင်းလည်ခဲ့လား။
အများကြီးပျော်ခဲ့ရလား။အများကြီးချစ်ခဲ့ကြလား"

"မင်းအပေါက် ပိတ်ထား!!"

"မင်းအပေါက်ပိတ်ထား!!"

hanrethaသည် bossတို့လင်မယားကိုလေဆိပ်မှာ ကိုယ်အတွက်လက်ဆောင်လေးများပါမလားဆိုတဲ့စိတ်နဲ့ လာကြိုသော်လည်း အအော်ခံလိုက်ရတာမို့ မျက်နှာတစ်ခုလုံး ဇီးရွက်လောက်သာရှိတော့သည်။

"boss ရန်ဖြစ်ခဲ့ကြတာလား"

hanretha ကိုယ့်bossကိုသာ ခပ်တိုးတိုးမေးလိုက်သည်။bossကတော်ရဲ့ မျက်နှာသည် လူထသတ်တော့မည်ရုပ်မို့ သူမှာ​ကြောက်ရသည်။

"အင်း"

"bossဘာလုပ်လိုက်လို့လည်း"

"ငါမလုပ်ဘူး အဲ့လူက ငါ့ကိုရိုက်တာ"

"ဘယ်နေရာကိုလဲ"

"ရင်ဘက်ကို"

"bossကလည်း ရင်ဘက်လေးအရိုက်ခံရတာကို ဘာဖြစ်သွားမှာလည်း bossကတော်ကိုပြန်ချော့လိုက်ပါ။အသားလေးနာတာနဲ့ရန်လိုတတ်တဲ့bossအကျင့်ကိုပြင်သင့်တယ်။ဘာဘဲဖြစ်ဖြစ်bossမှားတယ်"

"ဒီလ လစာကိုငါကအများကြီးပေးမယ်တွေးထားတာ"

"bossမှန်တယ် ငါတို့bossကိုဘာလို့ရိုက်ရတာလဲ။လူဘဲ အသားနာရင် ပြန်တုန့်ပြန်တတ်တာဘဲလေ ဒီကိစ္စbossမမှားဘူး။bossမှန်တယ်"

"စောက်ရူးနှစ်ကောင် နားညီးတယ်
တိတ်တိတ်နေစမ်း!!"

"..............."

"..............."

ကားနောက်ကနေ မီးတဝင်းဝင်းအကြည့်ကို hanrethaရှောင်လွဲလိုက်သည်။စိတ်ဆိုးပြီး ကားရှေ့မှာလာထိုင်တာတဲ့bossဘဲ ကျေးဇူးတင်ရမည်။မဟုတ်ရင် သူတို့ကားသည် နပန်းစည်းဝိုင်းဖြစ်သွားလိမ့်မည်။အခုတောင် တစ်ယောက်နဲ့တစ်ယောက်ကြည့်နေသည့်မှာ ကြားထဲကhanrethaတောင် ပြာကျမတက်။

"hanretha မင်းစကားကိုပြန်ပြင်ပြောမယ်ဆို သူပေးတဲ့လစာထက် ပိုပေးမယ်"

"bossကတော်က မှားတယ်။မဟုတ်ဘူး ကျွန်တော်တို့bossကတော်က အစထဲကမှားမနေတာပါ။bossကတော်က လူတစ်ဖက်သားကိုအကြောင်းမရှိဘဲရိုက်စရာလား။bossအချိုးမပြေလို့ ရိုက်တာဘဲဖြစ်မှာ bossကတော်လုံးဝမှန်တယ်။ပြီးတော့ ရိုက်ရုံလေးနဲ့စိတ်ဆိုးတာက လုံးဝကိုမဖြစ်သင့်တာ။ဒီကိစ္စ bossကတော်လုံးဝမမှားဘူး"

ခိမ်းWhere stories live. Discover now