ep44

4.3K 264 54
                                    

Unicode

"ဆေးတွေသုံးခဲ့တာတဲ့"

ဆို့နင့်နေတဲ့Jadonစကားအဆုံးမှာ ရင်ခင်းမျက်ဝန်းအိမ်က မျက်ရည်တွေထိန်းမရအောင်ကျလာသည်။အိမ်တော်ထိန်းကြီး ဆုံးသွားတယ်ဆိုတဲ့သတင်းအတူ ခိမ်းမေ့လဲသွားတာပါအတူတွဲကပ်ပါလာတော့ ရင်ခင်းဘယ်လိုမှမနေနိုင်ဘဲ ပြန်လာမိတော့သည်။

6လ 6လအတွင်းမှာ ခိမ်းကတော်တော်ပြောင်းလဲသွားသည်။ညိုမဲနေတဲ့မျက်တွင်းတွေဟာ ဆေးသုံးထားတာ သိသာလှသည်။သိသိသာသာ ကျသွားတဲ့ခန္ဓာကိုယ်ကြောင့် ဘယ်လောက်တောင် စိတ်ထောင်ကိုယ်ကြေဖြစ်ခဲ့လည်းဆိုတာ ခန့်မှန်းကြည့်လို့ရသည်။မျက်နှာပေါ်က အမာရွတ်သေးသေးလေးတွေ ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေက ကိုယ်ကိုယ်ကိုယ်ဂရုမစိုက်ဘူးဆိုတဲ့သက်သေ

'ဘာလို့လဲ ခိမ်းရယ်
ငါထားခဲ့တယ်ဆိုတာ ဒီလိုဖြစ်စေဖို့မှမဟုတ်တာ'

အိပ်နေတာ 24နာရီကျော်သွားပြီးမို့ Jadonရော ရင်ခင်းရော စိုးရိမ်နေမိသည်မှာ ခြေဖျားလက်ဖျားတွေတောင် အေးစက်လာသည်။သူတို့က ဒီကလေးကိုပြစ်သာထားမိခဲ့ကြတာ ဘယ်လောက်ချစ်ရလည်းဆို သူတို့ကိုယ်သူတို့အသိဆုံးဖြစ်သည်။

"ဆရာဝန်ကိုပြန်ခေါ်လိုက်အုံးမယ်"

ရင်ခင်း Jadonကို ခေါင်းညိမ့်ပြလိုက်သည်။ခိမ်း တစ်ခုခုဖြစ်သွားမှာကြောက်လှသည်။မလွှဲသာလို့သာ ကျောခိုင်းခဲ့မိတာ ခိမ်းကို သူဘယ်လောက်ချစ်ရသလဲ။ကျောခိုင်းခဲ့ပြီးမှ ထင်ထားတာထက်ပိုချစ်မိနေတာကို သိခဲ့ရတာ။ဒီကောင်လေးကို နေ့နေ့ညည အချိန်တိုင်းလွမ်းနေခဲ့တာ ပြန်တွေ့ရပြန်တော့လည်း ရင်နာရပြန်သည်။

"ဆေး...."

ခပ်တိုးတိုးလေးထွက်လာတဲ့အသံကြောင့် ရင်ခင်းငုံကြည့်မိတော့ သတိရလာတဲ့ခိမ်းကိုမျက်ရည်တွေကြားကတွေ့ရသည်။ဖုန်းဆက်ပြီးဝင်လာပုံရတဲ့Jadonကလည်းခိမ်းသတိရလာတော့ ပြူးပြူးပြာပြာဖြစ်ကုန်တော့သည်။

"ဆေး ဆေးပေးပါ"

ခိမ်းပါးစပ်က ထွက်ကျလာတဲ့စကားတွေကြောင့် နှစ်ယောက်လုံး ကြက်သေသေမိသွားတော့သည်။မကြာခင် ချွေးစေးတွေပြန်လာတဲ့ခိမ်းကြောင့် သူတို့ဘာလုပ်ရမလည်းဆိုတာ မသိတော့

ခိမ်းWhere stories live. Discover now