Part 2 ( U & Z )

2.2K 51 2
                                        

Unicode

#မျှား၍မယူ...ထုဆစ်ယူသည်
#အပိုင်း(၂)

နောက်နေ့ နှိုင်းမမှီညှပ်လာသည့် ဆံပင်ပုံစံ က အီမိုကေ။

အနောက်ဆံပင်ကို တိုတိုကပ်ကပ်လေးညှပ်ထားပြီး အရှေ့ဆံပင်များကတော့မျက်နှာတစ်ခြမ်းလုံးကိုဖုံးအုပ်နေ၏။

ဆံပင်ကေနှင့် လိုက်အောင် မျက်နှာကို မိတ်ကပ်ပါးပါးလူးထားပြီးမျက်ဝန်း အောက်မျက်ခမ်းစပ်များကို အိုင်းလိုင်နာအစိုများ ဆွဲထားသည့်အတွက် မျက်ဝန်းများသည်ရွှဲစိုပြီး တောက်ပနေ၏။

နှုတ်ခမ်းကို ခပ်တင်းတင်းစေ့ပြီး ခပ်ချီချီနေတတ်သည့် မျက်နှာပေးကြောင့်
နှိုင်းမမှီနှင့် ထိုဆံပင်ပုံသည်အတော်လိုက်ဖက်လှသည်။

မဟော်ဂနီရောင်လည်း ဆိုးထားသဖြင့် ကျောင်းသူများထဲတွင် သူမပုံက ထင်းခနဲ ပေါ်လို့နေသည်။ဒါကိုပဲ တစ်ချို့သူငယ်ချင်းများက အားကျကာ နှိုင်းမမှီအဒေါ်ဆီမှာ ဆံပင်လာညှပ်ကြ၏။

ကျောင်းတွင် နှိုင်းမမှီက အစချီ၍ အီမိုတစ်ယောက်စ နှစ်ယောက်စ များလာသောအခါ ကျောင်းအုပ်ဆရာကြီးက နှိုင်းမမှီကို ရုံးခန်းခေါ်တွေ့တော့သည်။

နှိုင်းမမှီတို့ ကျောင်းအုပ်ဆရာကြီးသည်ဒေါသအလွန်ကြီး၏။ သူစိတ်ဆိုးလျှင် တုတ်တစ်ချောင်းကိုင်ပြီး လိုက်ရိုက်သည်မှာ ဆရာမတွေပါ ပြေးပေါက်မှားရသည်အထိဖြစ်ရသည်။

ထို့ကြောင့် ရုံးခန်းကိုခေါ်ခံရသည့် ကိစ္စသည် နှိုင်းမမှီအတွက်တော့ ထိတ်လန့်စရာ ကိစ္စတစ်ခုပဲဖြစ်သည်။

"ငါ ပြောတယ်...ငါ အတန်တန်ပြောပါတယ်...
နှိုင်းရယ်... အဲ့ဒီဆံပင်ကို မညှပ်ပါနဲ့ဆိုမှ...
အခု ဘယ်လိုလုပ်ကြမလဲ...စိတ်ညစ်လိုက်တာ ဆရာကြီးက စိတ်တအားကြီးတာ...
နင့်ကိုကျောင်းရှေ့ထွက်ပြီး ရိုက်ရင် ဘယ်လိုလုပ်မလဲ... ရှက်စရာကြီး"

သွားတွေ့ရမည့် နှိုင်းထက် ရွှေရုပ်က အကြောက်ပိုကာ တဖျစ်တောက်‌တောက်ပြောလို့နေ၏။

နဂိုကတည်းက အကြောက်လွန် စိုးရိမ်လွန်တတ်သူမို့ တော်ရုံကိစ္စကိုပင် ရွှေရုပ်ကဒူးတုန်အောင်ကြောက်တတ်သည်။အခုလည်း အေးစက်နေသည့်လက်တွေနှင့်နှိုင်းကို ဆုပ်ကိုင်ပြီး မျက်နှာကလည်း ဖြူဖပ်ဖြူရော် ဖြစ်လို့နေသည်။

မျှား၍မယူ...ထုဆစ်ယူသည် ( Completed )Where stories live. Discover now