#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၁၈)
"ဒါက ဘယ်လဲ…ငါ အချိန်သိပ်မရဘူးနော် နှိုင်း"
"လာစမ်းပါ"
နှိုင်းကလက်ယက်ကာခေါ်ပြီး ရှေ့က ဆောင့်ကြွားကြွားလျှောက်နေ၏။ထည်ဝါ စိတ်ပျက်လက်ပျက်နှင့် လျှောက်နေမိသည်။ဘယ်ကိုခေါ်ပြီး ဘာတွေလုပ်ခိုင်းအုန်းမလဲ မသိ။
ဓာတ်ပုံရပြီးကတည်းက နှိုင်းစကားကို မလွန်ဆန်နိုင်တော့။
သူခိုင်းသည့် အတိုင်း တသွေမတိမ်းလိုက်လုပ်ရသည်မှာ ကြိုးတပ်ခံရသည့် အရုပ်အတိုင်းပင်။
တစ်ခါတလေ ကလန်ကဆန်လုပ်လိုက်မိလျှင် အခုချက်ချင်းပဲ အိမ်ကို ဖုန်းဆက်ပြီး တိုင်မလို…အခုပဲ ဖေ့ဘုတ်မှာ ဖွတော့မလို လုပ်တတ်သေး၏။
နှိုင်းက လက်ဝှေ့ရုံတစ်ခုတွင်ရပ်လိုက်ပြီး မချိုမချဉ် မျက်နှာပေးနှင့် ပြုံးစစ
လှည့်ကြည့်နေသည်။
ထည်ဝါ နှိုင်းကို ဘုကြည့်ကြည့်ပြီး မြင်နေရသည့် ဆိုင်းဘုတ်ကိုဖတ်ကြည့်မိသည်။
နိုင်ငံကျော်လက်ဝှေ့ကစားသမားဟောင်း "စိုးကျော်ဇံ"ဆိုပါလား။သူတော့မသိ။လက်ဝှေ့ပွဲတွေဆို ဝါသနာလည်းမပါ။
အချင်းချင်းထိုးသတ်ကြသည်ကို ကြောက်၍ မကြည့်။
အခုလည်း ဂုဏ်ယူဝံ့ကြွားစွာ ချိတ်ဆွဲထားသည့် လက်ဝှေ့ဆရာ "စိုးကျော်ဇံံ"၏ vinyl ပုံကိုသူ့မှာ မြင်ရုံနှင့် ဘာကိုလန့်နေမှန်းမသိ။
"သွားမယ်"
နှိုင်းက အထဲသို့ မျက်စပစ်ပြီး ခေါ်ပြီး အထဲသို့ ဝင်ဖို့ပြင်၏။
ထည်ဝါ နှိုင်းလက်ကို အမှီပြေးဆွဲထားရသည်။
"နေအုန်း…ဒီကို ဘာလုပ်ဖို့"
"အာ…လက်ဝှေ့ရုံလာတာ…လက်ဝှေ့ထိုးသင်မလို့ပေါ့"
"ဘယ်သူလဲ…နင်လား"
နှိုင်းက ခေါင်းကို ဖြေးဖြေးခါပြီး သူ့ကို လက်ညှိုးပြန်ထိုးပြသည်။
"ငါ…ငါက…"
နှိုင်းက နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြီးခေါင်းကို ညိတ်ပြသည်။
"မဖြစ်…မဖြစ်နိုင်ဘူး…နှိုင်း ငါ မလုပ်နိုင်ဘူး…"
"ဘာလို့"
ВЫ ЧИТАЕТЕ
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Любовные романыငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။
