Unicode
#မျှား၍မယူ...ထုဆစ်ယူသည်
#အပိုင်း(၇)သုံးနှစ်ခန့်ကြာသော်...
ညအချိန်မတော် ထည်ဝါ ဖုန်းသံကျယ်လောင်စွာ ထမြည်လာသည်။
"တောက်...လုပ်ပြီကွာ"
ထည်ဝါ အိပ်နေရင်းမှ ဖုန်းသံမပိတ်မိခြင်းကို နောင်တရနေမိသည်။
နှိုင်း နိုင်ငံခြားသွားပြီးနောက် နှစ်နှင့်ချီကြုံတွေ့ရသည့် ပြဿနာသည် ထိုပြဿနာဖြစ်သည်။အချိန်ကာလမတူညီသည့် နိုင်ငံနှစ်ခုတွင် နေထိုင်ကြသူများမို့ နှိုင်းဆီမှာ မနက်ဆို ဒီက ညအိပ်ချိန်ဖြစ်သည်။
နှိုင်းကလည်း ထိုနိုင်ငံရောက်သွားမှ
မောနင်း ပုံမှန်ပြောတတ်သည့် အကျင့်
ရသွားတော့သည်။အိပ်ချိန်ဆို အမြဲဖုန်းခေါ်တတ်သည်။
အခုလည်း မကိုင်မချင်း ခေါ်နေသည်မို့ အိပ်ချင်မူးတူးနှင့်ပဲ ကောက်ကိုင်လိုက်ရသည်။"နင် ဘယ်လိုဖြစ်နေတာလဲ...ငါ့ကိုမောနင်းမလုပ်ပါနဲ့ဆို"
ဖုန်းကိုင်ကိုင်ချင်း စိတ်ဆိုးမာန်ဆိုး ရန်တွေ့လိုက်သော်လည်း တစ်ဖက်မှ စကားကြောင့် ထည်ဝါ မျက်လုံးတွေ ပြူးကျယ်သွားရသည်။
"ဟဲလို...နှိုင်း နှိုင်း နင်ဘာဖြစ်နေတာလဲ"
အိပ်ချင်နေသည့်စိတ်တောင် ဘယ်ရောက်သွားမှန်းမသိအောင် ချက်ချင်းထထိုင်ပြီး စိုးရိမ်တကြီး မေးလိုက်မိသည်။
နှိုင်းအသံကလည်း ငိုသံနှင့် ဘာမှမသဲကွဲ။"နှိုင်း ငါ့ကိုသေချာပြောစမ်းပါ...နင် ဘာဖြစ်နေတာလဲ လို့"
"မီးတောက်တွေ အများကြီးပဲ...ထည်ဝါ ငါ ငါဘယ်လိုလုပ်ရမလဲ
ငါ ကြောက်တယ်""ဘယ်လိုဖြစ်တာလဲ မီးလောင်တာလား...အခု နင်က ဘယ်မှာလဲ"
"အခန်းထဲမှာ..."
"အခန်းထဲမှာ ဘာထိုင်လုပ်နေတာလဲ...အပြင်ထွက်ပြီး ပြေးလေ...
မီးက တော်တော်များတာလား...မီးသတ်ရော... အကြောင်းကြားပြီးပြီလား"ထည်ဝါ ပြောလည်းပြောရင်း အခန်းတံခါးကို ဝုန်းဆိုဖွင့်ပြီး လှေကားအတိုင်း ပြေးဆင်းလာသည်။တကယ်တော့ သူ ဂယောင်ခြောက်ခြား လျှောက်သွားနေခြင်း ဖြစ်သည်။
နှိုင်းဆီကို ဘယ်လိုမှ ပြေးသွားလို့မရမှန်း သိနေသော်လည်း
စိုးရိမ်စိတ်ဖြင့် ဆောက်တည်ရာမရ လျှောက်သွားနေမိသည်။
![](https://img.wattpad.com/cover/351959342-288-k302476.jpg)
YOU ARE READING
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Romanceငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။