Part 13 ( U & Z )

848 15 0
                                    

Unicode

#မျှား၍မယူ...ထုဆစ်ယူသည်
#အပိုင်း(၁၃)

"လူနာသတိရပါပြီ...ဝင်ကြည့်လို့ ရပါပြီ"

သူနာပြုမလေး၏ စကားဆုံးသည်နှင့်
တိမ်ဖြူ တို့ ညီမလေးယောက်လုံးဝမ်းသာအားရနှင့် ထိုင်ခုံမှ ထလာကြသည်။

နှိုင်းလည်း သူတို့နောက်မှ ပြေးလိုက်ကာ အခန်းထဲဝင်မည် လုပ်တော့ ကြယ်စင်နှင့် လမင်းက နှိုင်းကို ဘုကြည့်ကြည့်ကာ အပေါက်ဝမှာ ပိတ်ရပ်ထား၏။

"နင်ဝင်ကြည့်စရာ မလိုဘူး နှိုင်းမမှီ..."

"ဘာလို့လဲ"

"ပြန်မေးရဲသေးတယ်နော်...နင် တော်တော်အရှက်မရှိတာပဲ...
နင့်ကြောင့် ငါ့မောင်အခုလို ဖြစ်ရတာလေ...ငါ...
အေးဆေးပြောနေတုန်း ထွက်သွားလိုက်တော့"

ကြယ်လေးက နှိုင်းကို ဆောင့်တွန်းပြီး တံခါးကို ဆွဲပိတ်၏။
နှိုင်း တံခါးကို ပြန်တွန်းထားပြီး...

"ခဏလေးပါ...ထည်ဝါနဲ့ စကားပြောပြီးသွားရင် သွားပါ့မယ်"

"မလိုဘူး...ဘာမှကို ပြောစရာမလိုတာ...ဒီနေ့ ဒီအချိန်ကစပြီး နင်တို့ ငယ်စာရင်းပြတ်ပြီသာ မှတ်လိုက်တော့"

"အဲ့ဒီစကားက မမပြောလို့ အကျုံးမဝင်ဘူး..."

မာရည်ကျောရည် ထပြောလိုက်သည့် နှိုင်းစကားကြောင့် ကြယ်လေး ဆတ်ဆတ်ခါ နာသွား၏။

"ငါက ထည်ဝါအစ်မ ငါ့မောင်က ငါ့စကားတစ်ခွန်းပဲ နားလည်လား"

"ဟင့်အင်း...မမ ဘယ်လိုပဲပြေပြော ထည်ဝါနဲ့ နှိုင်းတို့က ဘယ်တော့မှအဲ့လို ဖြစ်မှာမဟုတ်ဘူး"

"အဟင်း သေချာလှချည်လား...နင်မယုံရင် စောင့်ကြည့်လိုက်လေ...နင့်လို အဖေ အမေတောင် လက်မခံအောင် ဆိုးသွမ်းတဲ့ မိန်းကလေးကို ငါ့မောင် ဆက်ပြီး
အပေါင်းအသင်းမလုပ်စေရဘူး စိတ်ချ"

တံခါးကို ဆောင့်ပိတ်ပြီး ပြောသွားသော စကားကြောင့် နှိုင်း မျက်ရည်တွေ ချက်ချင်း ဝဲတက်သွား၏။

တံခါးကို ထုပြီး ဖွင့်ပေးဖို့ ပြောချင်မိသော်လည်း သူ စိတ်တွေ မဝံ့ရဲတော့။တံခါးတစ်ချပ်၏ ကာခြားမှုသည် အဝေးကြီး ဆွဲထုတ်ခံရသလိုခံစားရသည်။

မျှား၍မယူ...ထုဆစ်ယူသည် ( Completed )Where stories live. Discover now