Part 30 ( U & Z )

797 19 1
                                    

Unicode

#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၃၀)
          
အလုပ်တွေ အဆက်မပြတ်လုပ်နေလည်း နှိုင်းမျက်လုံးများက ဖုန်းကိုပဲခဏခဏ
ကြည့်နေမိသည်။ဖုန်းထမြည်သံကြားသည်
နှင့် နံပါတ်ကို ကြည့်လိုက်ရတာ အမော။

လုပ်ဖော်ကိုင်ဖက်တွေတောင် သတိထားပြီး မေးကြသည်။တစ်ယောက်ယောက်ဆီက ဖုန်းကို မျှော်နေတာလား… တဲ့။

ခေါင်းခါပြီး ငြင်းလိုက်သော်လည်း စိတ်ထဲကတော့ ဟုတ်တယ် ဟု နွမ်းလျလျ ဖြေလိုက်မိသည်။ထည်ဝါက မနေ့ကလည်း ဖုန်းမခေါ်။ဒီနေ့လည်း တစ်နေကုန်သည်အထိ ဖုန်းမခေါ်သေးပေ။အရင်နေ့ကဆို ဒီအချိန်လောက်ဆို တစ်ခါလောက်ဖြစ်ဖြစ် စကားပြောပြီးလောက်ပြီ။ဒါမှမဟုတ် ဘာလုပ်နေကြောင်း စာတိုလေးဖြစ်ဖြစ် ပို့ပြီးလောက်ပြီ။

ဘာလုပ်နေလဲ ဟု စာရိုက်ပြီးမှ ဖျက်ပစ်ခဲ့သည်မှာ အခါခါ။ဖုန်းဆက်လိုက်ရင်တော့ သူ ဘာလုပ်နေလဲ သိရမှာ။သို့သော် နှိုင်းကစ မဆက်ချင်။သူ ဆက်နိုးနိုးစောင့်ရသည်မှာလည်း စိတ် ပင်ပန်းလှသည်။

တကယ်ဆို မနေ့က အခြေအနေကို သူပြန်ပြောပြသင့်သည်။ရွှေရုပ်ပြောပြ၍တော့ အကုန်သိပြီးပါပြီ။သူ ဂရုစိုက်ကြောင်း ဆရာဝန်ကိုတောင် မကျေမနပ် ပွစိပွစိပြောနေကြောင်းနှင့်ရွှေရုပ်က သူ့စိတ်ကူးယဉ်ကောင်း၍ ရှက်ခဲ့ရကြောင်းကို ရေပက်မဝင်အောင် ပြောခဲ့ပြီးပြီ။သူကရော ဘာမှ ပြောစရာမရှိဘူးလား။စိတ်ဆိုးစရာလည်း မရှိဘဲ တစ်နေ့လုံး ဖုန်းမဆက်တာ ဘာသဘောလဲ။တွေးရင်း စိတ်က တိုလာသည်။အလုပ်သာဆင်းလာသည်။စိတ်က မကြည်။

ဖုန်းဆက်ပြီး ရန်တွေ့လိုက်ရမလား ဟု တွေးပြီး ဖုန်းခေါ်ဖို့ ပြင်ပြီးမှ မဆက်ချင်တော့။

တစ်ခါတလေ သံယောဇဉ်ဆိုတာ
အေးခဲလွယ်သည့် အရာများလား ဟု တွေးမိသည်။ ကိုယ်က နွှေးမှ ပူနွေးသည်။ သံယောဇဉ်ကို သံယောဇဉ်ဖြစ်အောင် လုပ်ယူနေရသည်။

ကိုယ်မရှိတော့ရင်… သူတို့ ဒီလိုပဲ နေတတ် နေနိုင်သွားလောက်သည်။

အခုလည်း ကြည့်…ကိုယ်က သူ ဘာလို့ ဖုန်းမဆက်တာလဲဟု အတွေးတစ်ခုနှင့် နေမရထိုင်မရ ဖြစ်နေသည့်အချိန် သူကအေးအေးလူလူနှင့် နေပစေဆိုပြီး ပစ်ထားတာလည်း ဖြစ်နိုင်သည်လေ။

မျှား၍မယူ...ထုဆစ်ယူသည် ( Completed )Donde viven las historias. Descúbrelo ahora