Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၂၀)'ငါ အိမ်ရောက်နေတယ်…နှိုင်း…
နင် အလုပ်ပြီးတာနဲ့ စောစောပြန်လာခဲ့
တကယ်လို့ ငါ အိပ်ပျော်နေရင် မနှိုးနဲ့နော် ငါ ပင်ပန်းနေလို့ ဒါပဲ…"အလုပ်ဆင်းခါနီး ရောက်လာသည့်စာတိုလေးကြောင့် နှိုင်းပြုံးသွားမိသည်။
အိမ်သော့သည် ထည်ဝါနှင့်ရွှေရုပ်ဆီမှာ အပိုတစ်ချောင်းစီ ရှိကြသည်။နှိုင်း အိမ်မှာမရှိလည်း သူတို့ကြုံလျှင် အိမ်ကိုဝင်ကြသည်။စားစရာတွေဝယ်လာပြီး ရေခဲသေတ္တာထဲ
ထည့်ပေးပြီး ပြန်သွားသည်လည်း ရှိသည်။တစ်ခါတလေလည်း ရှိသမျှ အကုန် စားသောက်ပြီး ပွရအောင် ဖွသွားကြသည်လည်းရှိသည်။
ရွှေရုပ်လာရင်တော့ ထမင်းဟင်းချက်ခဲ့လျှင် ချက်ခဲ့၊ မချက်ခဲ့လည်း စားစရာတစ်ခု လုပ်ပေး သန့်ရှင်းရေးလုပ်ပြီးမှ ပြန်တတ်သည်။ထည်ဝါကတော့ စိတ်မထင်ရင် မထင်သလို
ဖွသွားတတ်သည်။ အခုတလော ထည်ဝါ သူ့အိမ်နှင့် အဆင်မပြေ၍ ထင်သည်။
အိမ်ကို ခဏခဏ လာတတ်သည်။ရွှေရုပ်ဆီက သိရသလောက်တော့
ထည်ဝါ …အိမ်သားတွေကို
စကားကောင်းကောင်းမပြော၍
ထည်ဝါအမေကတောင်ရွှေရုပ်ဆီ ဖုန်းဆက်ပြီး ထည်ဝါကို နားချပေးဖို့ တောင်းဆိုလာသည်တဲ့။ နှိုင်း လည်း ထည်ဝါကို ထိုသို့ မဖြစ်စေချင်ပါ။အမှုကို သက်သေလိုက်ပေးစရာမလိုဘူးဟု ပြောလည်း မရ။ဒီနေ့တွေ့လျှင်တော့ ထည်ဝါကို သေချာနားချအုန်းမှပါဟု စိတ်ကူးထားမိသည်။အိမ်အပြန်လမ်းသည် ပေါ့ပါးသွက်လက်နေသည်။အိမ်မှာစောင့်နေသည့်သူရှိသည်
ဆိုသည့်စိတ်သည် နှိုင်းကို လုံခြုံနွေးထွေးစေသည်။တစ်ယောက်တည်းလည်း ပြုံးနေမိသည်။ခြေလှမ်းတွေကလည်းသွက်နေမိသည်။"ထည်ဝါရေ ငါ ပြန်လာပြီ "
ရွှင်လန်းတက်ကြွစွာ ဝင်လာသည့်ခြေလှမ်းများသည် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် တုံ့ခနဲရပ်သွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားမိသည်။
"ဟာ…ဘာတွေလဲ"
လွယ်ထားသည့် စလင်းဘက်အိတ်ကို ချပြီး နှိုင်း ခြေကုန်လက်ပမ်းကျနေမိသည်။
ကြမ်းပြင်ပေါ်တွင် ပစ္စည်းပစ္စယများ ခြေချစရာမရှိအောင် ပွရထနေ၏။ နေကြာစေ့အခွံများ သတင်းစာများ စာအုပ်များ CD ခွေများ မိတ်ကပ်ပစ္စည်းများတောင် ပါသေး၏။မီးဖိုခန်းထဲက ပန်းကန်အိုးခွက်များလည်း အရှေ့သို့ရောက်နေ၏။ရေချိုးခန်းထဲက ဆပ်ပြာခွက် ရေခွက် စသော ပစ္စည်းပစ္စယာများ ဗီဒိုထဲက အဝတ်အစားများ
အို မြင်မကောင်းတာမှ တော်တော်မြင်မကောင်းအောင် စုပုံ ပြန့်ကျဲပြီး ချထား၏။
ထိုပစ္စည်းများကို ပွရထနေအောင် ဟိုတစ်ပုံ ဒီတစ်ပုံပစ်ထားပြီး သင်းကတော့လ သူမဟုတ်သလို ဆိုဖာပေါ်မှာ ခွေခွေလေး
အိပ်မောကျနေ၏။
ВЫ ЧИТАЕТЕ
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Любовные романыငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။