Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၆)
"အီ ဟီး ဟီး နှိုင်းကလဲဟာ…မသွားပါနဲ့ဆို
နင်မရှိဘဲ ငါ ဘယ်လိုနေရမှာလဲ…
ငါတို့ကျောင်းအတူတက်မယ်လေဟာ
မသွားပါနဲ့နော်…ဟီး"
နှိုင်း…နိုင်ငံခြားသွားနေမည်ဟု ပြောကတည်းက ရွှေရုပ်က နေ့ရှိတိုင်း ငိုနေ၏။
မနက်ဖြန်သွားဖို့အားလုံးအဆင်သင့်ဖြစ်သည်အထိ နှိုင်းကိုမသွားဖို့ တားပြီး ငိုနေတုန်းပင်။
"ငါ ပြန်လာပါ့မယ် ရွှေရုပ်ရယ်…
ငါ့အသက်ဆယ့်ရှစ်နှစ်ပြည့်တာနဲ့ နင်တို့ဆီ
ရောက်အောင်ပြန်လာမှာ…ငါက ပြောရင် ပြောသလို လုပ်တတ်တာ နင်သိပါတယ်"
"ဟင့်အင်း မသိဘူးဟာ…ကျန်တဲ့ရက်တွေ ငါဘယ်လိုနေရမှာလဲ…ငါတို့က အမြဲတမ်း သွားအတူစားအတူကို အခု နင်ကသွားမယ် ဆိုတော့ ငါတစ်ယောက်တည်း
အီဟီးးးမသွားနဲ့နှိုင်းရယ်…
ငါ့အိမ်မှာလိုက်နေလေ…ငါစားမဲ့ထဲက
နင့်ကိုဖဲ့ကျွေးပါ့မယ် မသွားနဲ့နော်…နော်"
"ရွှေရုပ်ရယ်…"
ကလေးလေးလိုငိုနေသော ရွှေရုပ်ကို ဖက်ပြီး နှိုင်း မျက်ရည်ကျမိသည်။
ထည်ဝါကိုကြည့်တော့လည်း ခေါင်းငိုက်စိုက်နှင့် ကျောပေးထိုင်နေ၏။
ဒီပုံစံဆို သူလည်း မျက်ရည်ကျနေသည့်ပုံပါ။
နှိုင်းလည်း သူတို့ကိုကြည့်ပြီး ခရီးစဉ် ဖျက်ချင်စိတ်ပင် ပေါက်မိသည်။
သို့သော် မေမေကလည်း သူ့ကို အမေဟု အသိမှတ်ပြုရင် 18 နှစ်ပြည့်သည်အထိ အတူနေရမည်ဟု စကားအကုန်ပြောထား၏။
တီတီကလည်းအကျိုးအကြောင်းဆီလျော်အောင် အမျိုးမျိုး နားချထား၍ နှိုင်း
သွားသင့်သည်ဟု စိတ်ထဲက ထင်နေ၏။
"နင်တို့ကလဲဟာ…ငါ သေသွားတာမှမဟုတ်ဘဲ ဖုန်းလည်း ဆက်လို့ရတဲ့ဟာကို…သုံးနှစ်လေးပဲ စိတ်ဖြောင့်ဖြောင့်သွားပါရစေ…
ငါ ပြန်လာမယ် ကတိပေးတယ်…
တကယ် ကတိပေးတယ်"
နှိုင်းလက်သန်းလေးထောင်ပြနေလည်း ဘယ်သူမှ မချိတ်။
နှစ်ယောက်လုံး တစ်ယောက်တစ်နေရာထိုင်ပြီး မျက်နှာကို လက်ဝါးနှင့် အုပ်ကာ အားရပါးရငိုနေကြသည်။
VOCÊ ESTÁ LENDO
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Romanceငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။
