Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၂၉)"ရပါတယ်ဆို…"
ရှက်ရှက်နှင့် တိုးတိုးလေးဆိုလိုက်သည့် စကားကို ထည်ဝါက ကြားဖြစ်အောင် ကြားပြီး သူ့ကို တစ်ချက် စူးစိုက်ကြည့်သည်။
ပြီး ချက်ချင်း မျက်နှာလွှဲကာ ခပ်တည်တည် ဆက်လျှောက်သည်။လူတစ်ယောက် ပွေ့ချီထားပြီး လျှောက်နေသည် မထင်ရလောက်အောင် သူလမ်းလျှောက်ပုံက တည်တည်ငြိမ်ငြိမ်နှင့်
ဣန္ဒြေရသည်။ရွှေရုပ်မှာသာ သူ့ကိုကြည့်ပြီး အရှက်ကြီး ရှက်နေမိတာ။ သူရော ဘယ်လိုခံစားရမလဲ ရွှေရုပ် သိချင်လိုက်တာ။
သို့သော် တင်းတင်းစေ့ထားသည့် သူ့ နှုတ်ခမ်းက ဘာစကားမှ ထွက်မလာ။
ကားဆီသို့ ပွေ့ချီလာပြီး ကားပေါ်တင်ပြီး ကားမောင်းထွက်လာသည်အထိလည်း သူက ခပ်တည်တည်နှင့် တိတ်ဆိတ်နေတုန်းပင်။"ဆေးခန်းမသွားချင်ဘူး…အိမ်ပြန်ပြီးပဲ နားတော့မယ်"
ထိုသို့ဆိုမှ ထည်ဝါက သူ့ဘက်သို့ သေချာ
လှည့်ကြည့်လာသည်။"ဘာလို့လဲ…ဆေးခန်းပြမှ ဖြစ်မှာပေါ့…ခြေထောက်က ဘာဖြစ်သွားမှန်းမှ မသိတာ"
"ဖြတ်ရမှာမှ မဟုတ်ပဲ…ရတယ် အိမ်ပဲပြန်မယ်"
"ဘာလဲ ဘာဖြစ်ပြန်ပြီလဲ…
နင်ကပဲဖြစ်ဖြစ် ငါ့ကို အတိုက်အခံမလုပ်ပါနဲ့တော့…တောင်းပန်ပါတယ် အခု ဆေးခန်းသွားမယ်…
ဘာမှ ထပ်မပြောနဲ့တော့""ဟင်"
လေသံမာမာ ထအော်ခံလိုက်ရ၍ ရွှေရုပ်တအံ့တသြ သူ့ကိုကြည့်လိုက်မိသည်။ဒါကို သူလည်း ရိပ်မိသည့်ပုံနှင့်
"ဆောရီး…နည်းနည်းမောနေလို့"
"အင်း"
ဘာမှမဖြစ်သလို ခေါင်းသာညိတ်လိုက်သော်လည်း မျက်ရည်က ဝဲတဲတဲ ဖြစ်ချင်မိသည်။ထည်ဝါကလည်း မျက်နှာရိပ် မျက်နှာကဲ ဖမ်းကာ သူ့ဘက် ခဏခဏ လှည့်ကြည့်၏။
"တစ်ခုခု စားမလား…ပြီးမှ ဆေးခန်းသွားမယ်လေ…အစာဖြည့်ထားတော့ ပိုကောင်းတာပေါ့"
أنت تقرأ
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
عاطفيةငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။