Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၁၇)
နှိုင်း၏ စူးရဲရဲအကြည့်တို့အောက်တွင် ထည်ဝါ ငြိမ်သက်စွာထိုင်နေမိသည်။
နှိုင်းက တရားခွင်မှ အမှုစစ်ရှေ့နေလို မျက်နှာထားတည်တည်နှင့် စစ်မေးတော့မည့်ဟန် ရှိနေ၏။
"အဲ့ဒီဖုန်းထဲမှာ ဘာတွေရှိလဲ"
"ဟင်"
နှိုင်းက လက်ဖြန့်ပြီး ဖုန်းကို တောင်း၏။ထည်ဝါ ပေကတ်ပြီးခေါင်းကို ခါနေမိသည်။
"နင် မပေးဘူးလား…"
"သူများဖုန်းကို ဘာလို့ယူချင်တာလဲ"
"သူများဖုန်းကို လိုချင်တာ မဟုတ်ဘူး…
အဲ့ဖုန်းထဲက နင်တို့နှစ်ယောက် ပုံကိုလိုချင်တာ"
"ဟာ… အဲ့ပုံကို နင် ဘယ်လိုသိလဲ"
ထည်ဝါ တအံ့တသြမေးတော့ နှိုင်းက သဘောကျစွာ အော်ရယ်နေ၏။
"ငါက နင်တို့ရှေ့ကို ရုက္ခစိုးနတ်လို ဘွားခနဲပေါ်လာတယ်ထင်လို့လား…
မနက်ကတည်းက နင်တို့နောက်မှာ ငါပါတယ်…"
"တကယ်…ဒါ ဒါဆို နင်အကုန်သိတာပေါ့…ဟုတ်လား"
"ဒါပေါ့…ဒါကြောင့်တောင်းတာ…ပေး"
ထည်ဝါ နှိုင်းမျက်နှာကိုရဲရဲမကြည့်ရဲလောက်အောင်ရှက်သွားမိသည်။ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ခေါင်းကိုငုံ့ထားမိသည်။
"ပေးဆို"
"ဟင့်အင်း…မပေးဘူး…"
"မပေးရင် လုမှာနော်…"
အပြောနှင့်အတူ အားနှင့်မာန်နှင့်ဆွဲလုလိုက်သောအခါ ဖုန်းက နှိုင်းလက်ထဲလွယ်လွယ်ကူကူပဲပါသွား၏။
"နှိုင်း…ပြန်ပေးဟာ"
နှိုင်းက ကျေနပ်စွာပြုံးပြီး ဖုန်းကိုဖွင့်ကြည့်၏။
"ပက်စ်ဝှက်တွေနဲ့ပါလား…လွယ်ပါတယ် ဒီဖုန်းကိုယူသွားလိုက်မယ်"
"ဘာလို့ယူမှာလဲ…မယူနဲ့…"
ထည်ဝါပြော၍ပင်မပြီးသေး။နှိုင်းက ဖုန်းကိုအိတ်ထဲကောက်ထည့်ပြီး မချိုမချဉ် ပြုံးပြ၏။
ВЫ ЧИТАЕТЕ
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Любовные романыငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။
