Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၃၆)
"စိတ်မလှုပ်ရှားနဲ့…စိတ်ကိုအေးအေးထား…ဟာကွက်ကိုစောင့်ပြီး…မိမိရရ ပြန်ထိုး…မလောနဲ့"
"ဟုတ် ဆရာ"
"သက်လုံက အဓိကပဲနော်…တစ်ချီတည်းမှာတင် အားကုန်မသုံးနဲ့…ကိုယ်နာမှာလည်း မကြောက်နဲ့…သူနာမှာလည်း မစိုးရိမ်နဲ့…ပြီးတော့အသံတွေ နားမထောင်နဲ့…မျက်စိနား ခြေလက် အားလုံးသွက်လက်ပစေ…"
"ဟုတ် ဆရာ"
"မင်း အရှုံးမပေးသရွေ့…ဘယ်တော့မှ မရှုံးဘူး… မင်း လုပ်နိုင်တယ်"
"ဟုတ်"
ဆရာက ထည်ဝါပခုံးနှစ်ဖက်ကိုနှိပ်ကာ အကြောဖြေပေးရင်း မှာစရာရှိသည်များ တရစပ်မှာနေ၏။ဘယ်ပွဲမှ လိုက်မကြည့်သော်လည်း ဒီပွဲကိုတော့ ဆရာကိုယ်တိုင်လိုက်ပြီး အားပေးကာ အတော်စိတ်လှုပ်ရှားနေပုံရသည်။
ထည်ဝါ အသက်ဝအောင် ရှူပြီး လေကို ပါးစပ်က ဖြည်းဖြည်းချင်း မှုတ်ထုတ်နေသည်။တစ်ကိုယ်လုံး အဆီတွေသုတ်လိမ်းပြီး လက်မှာလည်း ပတ်တီးစည်းပြီးပြီမို့ အပြင်ထွက်ဖို့ အဆင်သင့်ဖြစ်နေသလောက် ရှိနေ၏။
တစ်ခါမှ အတွေ့အကြုံမရှိသော်လည်း
ထိုးမည့်သူက ကျော်မင်းခိုင်ဖြစ်နေ၍ တအားကြီးစိတ်မလှုပ်ရှားမိ။ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အရှုံးမပေးဘူး တွေးထား၍လားမသိ။သူ့စိတ်က တက်ကြွပြီး ယုံကြည်မှုအ
ပြည့် ရှိနေ၏။
"သား…အမေ့သားလေး အောင်မြင်ပါစေ"
မေမေက သူ့မျက်နှာလေးကို ပွတ်သပ်ကာ တုန်တုန်ရီရီ ပြောသည်။ဖေဖေကတော့ မေမေ့ပခုံးကိုဖက်ကာ အားပေးနေ၏။
"သားကို စိတ်ချ…သား ဘာမှမဖြစ်ဘူးနော်…အဖေ…အမေ့ကိုခေါ်သွားပြီး…အပြင်မှာ စောင့်နေတော့…ခဏနေရင် ပွဲစတော့မှာ…"
"အေး…သား…စိတ်ဓာတ်မကျနဲ့…
အဖေတို့အောက်မှာ အားပေးနေမယ်"
"ဟုတ်…စိတ်မပူနဲ့နော်…သွားတော့…
ခဏနေရင် ထွက်ခဲ့မယ်"
"အေး…အေး…လာ မိန်းမ…သွားရအောင်"
အဖေက အမေ့ကို ဖက်ပြီး ခေါ်သွား၏။
လည်ပြန်လှည့် လှည့်ကြည့်ကာ ထွက်သွားသော အမေ့ကိုကြည့်ပြီး ထည်ဝါ ပြုံးလိုက်မိသည်။သူ့ကိုတားမရ၍သာ လုပ်ခွင့်ပေးလိုက်သော်လည်း အမေ ဘယ်လောက်ထိ ပူပန်စိတ်ကို သူသိပါသည်။အဖွားဆို အခုချိန်လောက်ဆို ဘုရားစာကို အမြုပ်ထွက်အောင် ရွတ်နေမှာ သေချာသလောက် ရှိ၏။
YOU ARE READING
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Romanceငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။
