Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၃၁)ဂေါက်ရိုက်တံ ထိပ်က ဂေါက်သီးလေးကဲ့သို့ ရွှေရုပ်ငြိမ်သက်စွာ ရပ်နေမိသည်။မကြာခင်မှာ တစ်စုံတစ်ယောက်ကြောင့် အဝေးကြီး လွှင့်ထွက်သွားရတော့မည့် ခံစားချက်မျိုး။တကယ့် အဝေးကြီး အဝေးကြီးကို လွှင့်ထွက်သွားရတော့မည့် ခံစားချက်မျိုး ရွှေရုပ် ခံစားရသည်။ဘာအတွက် ငြိမ်သက်စွာ ရပ်နေမိမှန်းမသိ။ရှေ့လည်း မလျှောက်မိ။နောက်လှည့်လည်း ပြန်မပြေးရဲ။အသေကောင်လို ဒါမှမဟုတ် မဆီမဆိုင် တွေးမိသည်က ငယ်ငယ်က ကစားနည်းအတိုင်း ကျောက်ရုပ်ဖမ်းထားသလို တောင့်တောင့်လေး မလှုပ်မယှက် ရပ်နေမိသည်။
ဟုတ်သည်။မြင်နေရသည့် မြင်ကွင်းက ရွှေရုပ်ကိုကျောက်ရုပ်တစ်ရုပ်လို အသက်မဲ့စေသည်။ဓာတ်လိုက်ခံရသလို တစ်ကိုယ်လုံးတုန်ကာ ကျဉ်နေ၏။အကြောတွေ စိုင်းသွားသလို ဆွံအ ထုံထိုင်းနေမိသည်။
ဘာတွေလဲ။သူတို့က ဘာတွေလဲ။
ရုတ်တရက် ဝင်လာသည့်အတွေးက ခေါင်းထဲ ရှုပ်ယှက်ခတ်ရုံမက ရင်တစ်ခုလုံး ပူလောင်သွားစေ၏။နှိုင်းက ထည်ဝါခါးကို
နောက်ကသိုင်းဖက်ပြီး ထည်ဝါကလည်း ငြိမ်သက်စွာ ရပ်နေသည်။ထိုမြင်ကွင်းကို ဘယ်သူပဲ မြင်မြင် သမီးရည်းစားဟု ထင်မှာပင်။
သို့သော် ရွှေရုပ် လွယ်လွယ်နှင့် လက်မခံနိုင်။အမှန်ဆိုရင်တောင် တကယ် အမှန်ဆိုရင်…တွေးရင်း မရေရာလာသည့်အခါ ခေါင်းတွေထခါယမ်းမိသည်။ထိုအချိန် ထည်ဝါက ခေါင်းငုံ့နေရာမှ ချက်ချင်း မော့လာပြီး သူ့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ကြည့်လာ၏။"ရွှေရုပ်"
အထစ်အငေါ့အသံနှင့် ရှက်ကိုးရှက်ကန်းဖြစ်သွားသည့် ထည်ဝါကို ရွှေရုပ် ဒီအတိုင်း ရပ်ကြည့်နေမိသည်။နှိုင်းကလည်း
ထည်ဝါကို ဖက်ထားသည့် လက်ကို မလုံမလဲ ဖယ်ပြီး ရွှေရုပ်ကို လှမ်းကြည့်သည်။နှိုင်းဆီ၌ မနေတတ် မထိုင်တတ်စွာ ရှက်နေသည့်ပုံကို ပထမဆုံးမြင်လိုက်ရ၍ ရင်ထဲမကျေမနပ် ဖြစ်သွားမိသည်။"ရွှေရုပ်…နင် လာရတာ အဆင်ပြေရဲ့လား…အိမ်က ဘာလို့ ထွက်လာရတာလဲ…အဆူခံရတော့မှာပဲ"
أنت تقرأ
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
عاطفيةငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။