Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၂၇)ကြိုးစားပမ်းစား အပြေးလာခဲ့သော်လည်း နောက်ကျသွားသည့် အခါထွက်ခွာသွားသည့် ရထားကိုကြည့်ပြီး ဆို့နင့်ရသလိုမျိုး ထိုတံခါးပိတ်သံက ထည်ဝါရင်ကို အောင့်ခနဲ ဖြစ်သွားစေသည်။
ရုတ်တရက် အသက်ပင် မရှူနိုင်ခဲ့။
ကိုယ့်မျက်လုံးကိုပင် မယုံနိုင်။နှိုင်းက ကျော်မင်းခိုင်ကို အိမ်ထဲခေါ်ပြီး သူ့ကိုမြင်မှ တံခါးဆွဲပိတ်သွားတာလား။
ဒါမှမဟုတ် သူ့ကို မမြင်တာလား။
သူ ဒီလောက် ပြောထားလျက်နှင့်။ဘာလို့ ဒီလိုလုပ်ရတာလဲ ။ဘယ်လိုနားလည်ရမလဲ။အတွေးများစွာနှင့်တံခါးရှေ့တွင် ဆွံ့အစွာ ရပ်နေမိသည်။ခဏကြာမှ ဘဲလ်တီးဖို့ သတိရသည်။
"တီ"
"တီ"
"တီ"
သုံးလေးခါ ထိ တံခါးလာမဖွင့်သည့်အခါ ခေါင်းနပန်း ကြီးသွားမိသည်။ရင်ထဲထူပူကာ ဘာလုပ်၍ လုပ်ရမှန်းမသိတော့။
တစ်ခုခုများ ဖြစ်နေလို့များလား။
တစ်ခုခု…ထိုတစ်ခုခုကို သူမတွေးရဲ။"နှိုင်း…ငါပါ…တံခါးဖွင့်…"
"ဒုန်း…ဒုန်း"
"နှိုင်း နှိုင်း တံခါးဖွင့်လို့ပြောနေတယ်လေ"
တံခါးပြတ်လုမတတ် ထုနေလည်း အထဲက ဘာမှ မတုံ့ပြန်သည့်အခါ ရင်တစ်ခုလုံး ကျွမ်းလုမတတ် ပူလောင်သွားမိသည်။
သူ အထဲဝင်မှ ဖြစ်မည်။ဘာလုပ်ရမလဲ။
တံခါးကို ဖျက်ဝင်ရမလား။ဘယ်လိုဖျက်ဝင်ရမလဲ။ သံပန်းတံခါးကို ဆုပ်ကိုင်ပြီး ခေါင်းမီးတောက်နေမိသည်။ရုတ်တရက် ဖျတ်ခနဲ ဝင်လာသည့် အသိက သူ့ကို လှိုက်ခနဲဝမ်းသာသွားစေသည်။သော့…သူ့မှာ သော့တစ်ချောင်းရှိနေတာပဲ။
အတွေးနှင့်အတူ အိတ်ထဲ လိုက်ရှာကြည့်မိသည်။စိတ်လှုပ်ရှားနေ၍ သော့ကို ချက်ချင်းမတွေ့။အိတ်တစ်ခုလုံး သွန်းမှောက်ရှာမှ သော့ကို သွားတွေ့၏။
သော့ကိုဖွင့်ဖို့ သူ့လက်တွေ တုန်ရီနေသည်။
သို့သော် စိတ်ကို တင်းပြီး တံခါးကို ဝုန်းဆို
ဖွင့်ချလိုက်ပြီး အိမ်ထဲသို့ တရကြမ်းဝင်လာခဲ့သည်။
YOU ARE READING
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Romanceငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။