Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၂၁)
တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် နှိုင်း ရင်ထဲမကောင်းဖြစ်သွားမိသည်။
ရွှေရုပ်က သူ့ကို မကျေမနပ်စိုက်
ကြည့်နေပြီး ထည်ဝါကတော့ ဒဏ်ရာဒဏ်ချက်တွေနှင့် သူ့ မျက်နှာကို
မမြင်အောင် မျက်နှာကို တစ်ဖက်လွှဲထား၏။
"ဒီအချိန်ကြီးလာပုံထောက်ရင် မဟုတ်မှ
လွဲရော အိမ်ပေါ်က နှင်ချခံရတာလား"
နှိုင်း တံခါးကို ပြန်ပိတ်ပြီး ရယ်ကျဲကျဲမေးလိုက်သည်။
"နင် သိအောင်ပြောချင်လို့လာတာ…ထည်ဝါ ရုပ်ကိုကြည့်စမ်း…နင် ဖြစ်ချင်တာ ဒါလား "
ရွှေရုပ်က ထည်ဝါကိုယ်ကို ဆွဲလှည့်ပြီး
ဒေါနှင့်မောနှင့် ပြသည်။
"ကြည့်…နင် ဖြစ်စေချင်တဲ့ ပုံစံ ဖြစ်နေပြီလား လို့ ကြည့်…
ဒီလောက်ဆို ကျေနပ်ပြီလား…"
"ဘာလဲ အဲ့ဒါ ငါနဲ့ ဘာဆိုင်လို့လဲ…"
နှိုင်း စကားကြောင့် ရွှေရုပ်က တအံ့တသြ ပြန်ကြည့်သည်။
"ဟာ နင်က ဘယ်လိုကြီးလဲ နှိုင်း…ကိုယ့်သူငယ်ချင်းတစ်ယောက်လုံး ဒီလောက်ဖြစ်နေတာ…နင် ဘယ်လိုစိတ်နဲ့များ ကြည့်ရက်နိုင်တာလဲ"
"မကြည့်ရက်တော့ ငါက ဘာလုပ်ရမှာလဲ…သူ့ကို လုပ်ခဲ့တဲ့ သူကို ငါသွားပြန်လုပ်ရမှာလား… သူ လက်ဝှေ့သင်နေတာပဲ ပြန်လုပ်ပေါ့"
"အဲ့ဒီလက်ဝှေ့သင်ရင်း ဖြစ်လို့ ပြောနေတာပေါ့…နင် သူ့ကို မတားတော့ဘူးလား…သူ သေလည်း နင်ထိုင်ကြည့်နေမှာပဲလား"
ရွှေရုပ်က နှိုင်းပြောသမျှ ကန့်လန့်တိုက်ကာ ဂျွတ်ဆတ်ဆတ်လိုက်မေးနေတော့သည်။နှိုင်းကတော့ မခိုးမခန့်ရယ်လျက်။
"လက်ဝှေ့ထိုးပါတယ်ဆိုမှ…ရွှေရုပ်ရယ် မိတ်ကပ်လိမ်းနေတာမှ မဟုတ်တာ ဘယ်လိုလုပ် လှလှလေး ထွက်လာမှာလဲ"
"အဲ့ဒါကြောင့် မသင်နဲ့လို့ ပြောတာပေါ့…
နင်လည်း တား ငါလည်းတားရင်"
ရွှေရုပ်စကားမဆုံးခင် နှိုင်းပခုံးကို ဆတ်ခနဲ တွန့်ပြီး
ВЫ ЧИТАЕТЕ
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Любовные романыငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။
