Part 11 ( U & Z )

920 21 0
                                        

Unicode

#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၁၁)

"နှိုင်းစိတ်ဆိုးသွားပြီ ဘယ်လိုလုပ်မလဲ ထည်ဝါ"

ရွှေရုပ်က နောက်သို့ လှည့်ကြည့်ရင်း ငိုမဲ့မဲ့ဆိုသည်။

"ငါလည်းမသိတော့ဘူး…အိမ်ကတစ်မျိုး သူကတစ်မျိုးနဲ့…"

"အေးလေ…နှိုင်းကလဲ ငါတို့အကြောင်းလည်းသူသိရက်သားနဲ့"

"ဒီအချိန်ကြီး ရုပ်ရှင်ကြည့်မယ်ဆိုကတည်းက သူစဉ်းစားရမှာ"

"အေးလေ…ဒီအချိန်ကြည့်ရင် ညဆယ့်တစ်နာရီလောက်မှ ပြန်ရမဲ့ဟာကို…အခု သူတစ်ယောက်တည်း ဘယ်လိုပြန်မလဲ မသိဘူး"

"ပြန်တာတော့ ပြန်တတ်လောက်ပါတယ်…စိတ်လေလေနဲ့ လျှောက်သွားနေမှာပဲ စိုးတာ…နှိုင်းက ပြောရတာ မဟုတ်ဘူး…ဟင်း"

စိတ်မောလူမောနှင့် ထည်ဝါ သက်ပြင်းတွေပဲ ချနေမိသည်။ နှိုင်းတစ်ယောက်တည်း ကျန်ခဲ့သည်ဆိုသည့် စိတ်က သူတို့ နှစ်ယောက်လုံးအတွက် မသက်သာလှ။
ကားကလည်း ရုပ်ရှင်ရုံနဲ့ အတော်ဝေးလို့လာ၏။

"ဒီပုံစံနဲ့ အိမ်ပြန်ရင်လည်း သူ့စိတ်ပူနေရတာနဲ့ … ဖြောင့်မှာ မဟုတ်ဘူး"

"အေးလေ…အိမ်ပြန်လည်း ဆူတာတော့ ဆူခံရမှာပဲ မထူးဘူး"

"ဒါဆို ငါတို့ ပြန်သွားကြမလား"

နှစ်ယောက်သား တိုင်ပင်မထားပါဘဲ ထွက်လာသည့်စကားသည် အတူတူဖြစ်နေ၏။တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး
ကျေကျေနပ်နပ် ပြုံးလိုက်မိသည်။

"ဦးလေး ကျွန်တော်တို့ကို ရုပ်ရှင်ရုံရှေ့ပဲ ပြန်ပို့ပေးပါလား"

"ဟေ အိမ်ပြန်မှာ မဟုတ်ဘူးလား"

taxi ဦးလေးကြီးက နောက်သို့ တအံ့တသြ ပြန်လှည့်ကြည့်ကာပြောသည်။

"မပြန်တော့ဘူး ဦးလေး… သမီးသူငယ်ချင်းတစ်ယောက်တည်း မထားခဲ့ချင်လို့…
မြန်မြန်ပြန်ပို့ပေးနော်"

"အေးပါကွာ…ဟင်း ကားက ကျပ်ပါတယ်ဆိုမှ ဒီကလေးတွေနဲ့ ငါတော့ရူးတော့မှာပဲ"

ကားသမားဦးလေးကြီးစကားနားထောင်ရင်း ထည်ဝါနှင့် ရွှေရုပ်ရယ်နေမိသည်။ရုပ်ရှင်ရုံပြန်ရောက်ဖို့   ပြန်ပတ်ပြီးမောင်းနေရ၍
တော်တော်နှင့်မရောက်။

မျှား၍မယူ...ထုဆစ်ယူသည် ( Completed )Donde viven las historias. Descúbrelo ahora