Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၃၅)
ကိုယ့်ကိုမြင်တော့ ခပ်တန်းတန်းသာ ပြုံးပြပြီး လုပ်စရာများ ဆက်လုပ်နေသည့် ထည်ဝါကိုကြည့်ပြီး သီဟ ပြုံးလိုက်မိသည်။သူ ဒီလိုပြုမူလိမ့်မည်ဟု ကြိုတွေးပြီးသားပါ။ကိုယ့်ကို မကြိုဆိုချင်မှန်းလည်း ကြိုသိပြီးသား။အဲ့ဒါတွေ သိနေ၍ လာမတွေ့ဖို့လည်း ကိုယ့်ကိုကိုယ် အမြဲဆုံးမခဲ့သည်။သို့သော် နှလုံးသားသည် ဦးနှောက်ကို အမြဲတမ်း ကလန်ကဆန်လုပ်သည်။သူဆီသို့ တစ်နေ့ကို စိတ်နှင့်အခေါက်ပေါင်း ထောင်သောင်းမက ရောက်ပြီး မနေနိုင်တော့သည့်အဆုံးမှ တစ်ခေါက်လာဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရသည်။
ကြယ်လေးကတစ်ဆင့် အကြောင်းစုံသိပြီးကတည်းက လာတွေ့ချင်ခဲ့သည်။မိန်းကလေးတစ်ယောက်အတွက် အိမ်နှင့်တောင် အဆက်အသွယ်ဖြတ်ရကောင်းလားဟုလည်း ရန်တွေ့ချင်သည်။
နှိုင်းမမီက ဘာမို့လို့လဲ…။
အဲ့ဒီမိန်းမကို သူတစက်မှ ကြည့်မရ။
ဆရာလုပ်လွန်းသည်။ထည်ဝါ့ ဘဝကိုစွက်ဖက်လွန်းသည်။စွာကျယ်ကျယ်နှင့် over confident ။အခုလည်း သူ့ဆုံးဖြတ်ချက်က ထည်ဝါအတွက် ဘာကောင်းတာများ ရှိလဲ။
ကြည့်ပါအုန်း ချွေးသံတရွှဲရွှဲနှင့် ထည်ဝါမှာ ပင်ပန်းဆင်းရဲနေလိုက်တာ။အရင်လို နုဖတ်ချောမောသည့် မျက်နှာမျိုး မဟုတ်တော့။သုံးလဆိုသည့် အတောအတွင်းမှာ ထည်ဝါဟာ ခန္ဓာကိုယ်အချိုးအစားအရ တောင့်တင်းခိုင်မာလာတယ်ဟု ထင်ရပါရဲ့။ရုပ်ကတော့ အနည်းငယ် ရင့်သွားသလိုပင်။ဒါကို ရင့်ကျက်တည်ငြိမ်တယ် ခေါ်မလား။သူကတော့ မကြိုက်။ထည်ဝါနှင့် လိုက်လည်း လိုက်တယ်မထင်။ထည်ဝါဆိုသည်မှာ မိန်းကလေးတစ်ယောက်လို နူးညံ့ အေးချမ်းပြီး ချစ်စရာကောင်းသည့် မျက်နှာမျိုး။
အဲ့ဒါကို…အခုလိုမျိုး…။
သီဟကြည့်ရင်း စိတ်တွေတိုမိသည်။
ကိုယ်မြတ်နိုးသည့် အရာတစ်ခု ဖျက်စီးခံရသလို ခံစားရသည်။ဖြစ်နိုင်ရင် သူ့ကို ဒီကဆွဲထုတ်သွားချင်သည်။"ပင်ပန်းတာတွေ ဘာမှမလုပ်နဲ့ အနားမှာပဲနေ"ဟု ပိုင်စိုးပိုင်နက် ပြောချင်မိသည်။နှိုင်းမမီဆိုသည့် မိန်းမကိုလည်း အဆက်အသွယ်ဖြတ် ဘယ်မိန်းမနဲ့မှ မပတ်သတ်ရဘူးဟု တစ်ချက်လွတ် အမိန့်ချချင်ပစ်ချင်သည်။
ВЫ ЧИТАЕТЕ
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Любовные романыငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။
