Part 10 ( U & Z )

983 20 0
                                    

Unicode

#မျှား၍မယူ...ထုဆစ်ယူသည်
#အပိုင်း(၁၀)

နှိုင်းပြန်ထွက်လာတော့ ထည်ဝါက ကုတင်စွန်းကိုမှီကာ အိပ်ပျော်နေသည်။တစ်ယောက်လက် တစ်ယောက်ဆုပ်ကိုင်ထားသော သူတို့ကို ကြည့်ပြီး နှိုင်း ကြောင်သက်သက်ဖြစ်သွားမိသည်။ဘာတွေများ ကြောက်စရာရှိ၍ ဒီလိုလက်တွဲပြီး အိပ်နေကြလဲမသိ။

သူတို့နှစ်ယောက်ကို ကြည့်ပြီး နှိုင်း တစ်ယောက်တည်း ဘေးထွက်နေခဲ့ရသလို
နင့်ခနဲ ခံစားလိုက်ရသည်။ထိုသို့ခံစားချက်မျိုး တစ်ခါမှ မခံစားဖူးခဲ့။

အမြဲတမ်း တသားတည်းလို မှတ်ယူထား
သည့်အတွက် ဘယ်သူ့ကိုပိုခင်သည် မခင်ဘူးဟု မတွေးဖူးခဲ့။

အခုတော့ 'ထည်ဝါက ရွှေရုပ်ကို ပိုခင်နေတာများလား'ဟု တွေးကာ ဝမ်းနည်းမိသည်။

သူ့ဘဝက ဘာလို့များ မေတ္တာတရား ရှားပါးငတ်မွတ်နေလဲ မတွေးတတ်တော့။

ပြည့်ဝသည့် မေတ္တာတရားကို သူဘယ်တော့မှမရခဲ့။

အဖေ အမေ တီတီ အခု ထည်ဝါနှင့် ရွှေရုပ်...အားလုံးသည် သူတို့ ဘဝ၏ တစ်ယောက်ယောက်နှင့် ယှဉ်ရင် သူ့ကို အမြဲတမ်း နောက်မှာ ထားကြသည်။
သူက ချစ်ခြင်းမေတ္တာနှင့်မတန်လို့များလား။
သူချစ်သလောက် ဘယ်သူမှ သူ့ကို
ပြန်မချစ်ခဲ့။

တွေးရင်း မျက်ရည်ဝဲနေမိသည့် အချိန်တွင် ထည်ဝါ နိုးလာ၏။
နှိုင်း ချက်ချင်းပဲ မျက်နှာလွှဲပြီး လှည့်ထွက်မည် အလုပ်

"နှိုင်း"

ထည်ဝါက ခေါ်သံနှင့်အတူ သူ့ရှေ့မှာ လာပိတ်ရပ်သည်။

"သက်သာပြီလား...ဘယ်လိုနေသေးလဲ"

နဖူးကို စမ်းပြီး မျက်နှာကို သေချာကြည့်ကာ မေးသည်။

"ဘာမှမဖြစ်ဘူး..."

နှိုင်း သူ့လက်ကို ပုတ်ချကာ ဖြေလိုက်သည်။

"ဒါဆို ထမင်းစားမယ်...လာ ငါ ဗိုက်ဆာနေပြီ"

ထည်ဝါက လက်ကိုဆွဲသွားပြီး မီးဖိုခန်းထဲခေါ်လာပြန်သည်။

"အိမ်က ထမင်းလာပို့ထားတယ်...ရွှေရုပ်အတွက် ဆန်ပြုတ်ပါတယ်
နင်ရော ဆန်ပြုတ်သောက်မလား"

မျှား၍မယူ...ထုဆစ်ယူသည် ( Completed )Tempat cerita menjadi hidup. Temukan sekarang