Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၉)
"ငါ သူ့ကိုမေ့မှာပါ…"
ထိုစကားကိုဆိုရင်း ရွှေရုပ် ပါးပြင်ပေါ်မှာမျက်ရည်တွေစီးကျနေ၏။
ချောင်မှာ ကျုံ့ကျုံ့လေးထိုင်ပြီး တစ်နေရာကို စိုက်ကြည့်နေသော်လည်း ထိုနေရာမှာ သူ့အသိတွေ ရှိနေပုံမရ။
သူ့အတွေးတွေ ပျံ့လွှင့်နေပုံရသည်။
နှိုင်း သူ့ရှေ့မှာသွားထိုင်ပြီး သူ့လက်တွေ ဆုပ်ကိုင်သည့်အချိန်မှာလည်း ရေခဲတုံးအလားလက်တွေက အေးစက်နေသည်။
နှိုင်းကိုကြည့်သည့် သူ့မျက်ဝန်းများသည် အသေကောင်လို ရွေ့လျားမှုကင်းမဲ့ပြီး ရှက်ရွံ့ခြင်း အားငယ်ခြင်းတွေပြည့်နှက်နေ၏။
"ငါ…ဘာလုပ်ပေးရမလဲ…နင် ဘာဖြစ်ချင်လဲ ရွှေရုပ်"
ရွှေရုပ် ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာပြန်သည်။နှုတ်ခမ်းတွေက တဆတ်ဆတ်တုန်ရီပြီး တစ်ခုခုပြောဖို့ တွန့်ဆုတ်နေ၏။
"ငါ…ငါ့ကို နင်အထင်သေးသွားပြီလား နှိုင်း…ငါ ငါ့ကို အကျင့်ပျက်တဲ့မိန်းမဆိုပြီး ရွံသွားပြီလား ဟင်"
"ဘာတွေပြောနေတာလဲ…ငါက ဘာလို့ အထင်သေးရမှာလဲ
ငါတို့ငယ်ငယ်က တစ်ယောက်တစ်ဝက်ကိုက်စားခဲ့တဲ့ သကြားလုံးလိုပဲ…သရေပါလည်းစားမှာပဲ…မသန့်လည်းစားမှာပဲ…
ဘာပဲဖြစ်ဖြစ် တစ်ယောက်တစ်ဝက်လေ…နင့်ဒုက္ခက ငါ့ဒုက္ခပေါ့ မဟုတ်ဘူးလား"
"နှိုင်းရယ်…"
နှိုင်းရင်ခွင်ထဲ ပြေးဝင်ကာ ရွှေရုပ်ရှိုက်ကြီးတငင်ငိုချလိုက်သည်။
"ငါ မှားပါတယ် နှိုင်းရယ် ငါ့ကိုခွင့်လွတ်ပါ"
"မလိုပါဘူးဟာ…နင့်စိတ်ကိုပဲ နိုင်အောင် လုပ်ပါ"
"ငါကြိုးစားမှာပါ…ငါ တစ်ခုတော့ တောင်းဆိုချင်တယ် နှိုင်း"
"ပြောလေ"
"ဒီကိစ္စကို ထည်ဝါကို မပြောပါနဲ့နော်…
ငါ…ရှက်တယ် နှိုင်းရယ်…ထည်ဝါ ငါ့ကို အထင်သေးမှာ ကြောက်တယ်…"
"စိတ်ချပါ…ငါ မပြောပြပါဘူး…နင်သာ အဆင်ပြေအောင်နေ…
ဟုတ်ပြီလား…ဒီပုံစံနဲ့ အိမ်မပြန်နဲ့…
ရေချိုး စားသောက်ပြီးမှ ပြန်တော့…
နင် ဘာစားမလဲ…ငါ ဆိုင်ကို မှာပေးမယ်"
VOCÊ ESTÁ LENDO
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Romanceငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။
