Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၂၆)
စိတ်ထဲမတွေ့သည့် မြင်ကွင်းတစ်ခုကို စိတ်တိုင်းကျ မျက်နှာလွှဲမရဘဲ ထိုင်ကြည့်နေရ၍ ထည်ဝါ စိတ်တွေတိုနေမိသည်။နောက်လထဲ ကျော်မင်းခိုင်နှင့် ချန်ပီယံဟောင်းတို့၏ ရွှေခါးပက်လုပွဲရှိနေ၏။ထို့ကြောင့် ဒီနေ့မှာ ဆရာက ကျော်မင်းခိုင်အတွက်
အစမ်း လက်ဝှေ့ပွဲတစ်ခု ကျင်းပပေးသည်။
သင်တန်းသားများထဲမှ လက်စလက်န ရှိသော လက်ဝှေ့သမားများ မည်သူမဆို
ကျော်မင်းခိုင်ကို စိန်ခေါ်၍ ရသည့်ပွဲဖြစ်၍ ပွဲသည် စည်လည်းစည်သည်။ကြည့်၍လည်း ကောင်းနေသည်။
အခုချိန်ထိ ကျော်မင်းခိုင်ကို အလဲထိုးနိုင်သူမရှိသေး။သို့သော် သူ့စိတ်ထဲ ဘဝင်မတွေ့သည်က ကျော်မင်းခိုင်က
ပြိုင်ဘက်ကို အလဲထိုးပြီး အောင်နိုင်ပြီးတိုင်း သူ့ရင်ဘတ်ကိုပုတ်ပြီး အောင်ပွဲခံလျက်ရှိသည်။အားလုံးကလည်း ကျော်မင်းခိုင် ရင်ဘတ်မှာ တက်တူးထိုးထားသည့် နာမည်ကိုပဲ စိတ်ဝင်တစားမေးနေကြသည်။ထိုသို့မေးတိုင်း ကျော်မင်းခိုင်က ရယ်ဖြဲဖြဲနှင့် သူ့ချစ်သူဟု အဖြေပြန်ပေးတတ်သည်။
ထိုအဖြေကို ထည်ဝါ လုံးဝမကျေနပ်။နှိုင်းကို သက်သက်စော်ကားနေသည်ဟုပဲ ခံစားရသည်။ဒီကောင်ပါးစပ်က စည်းကမ်းရှိတာမဟုတ်။ပေါက်လို့ပဲစား။နှိုင်းသိက္ခာကျအောင် ဘာစကားတွေ ပြောပြီးပြီလဲတောင်မသိ။ပွဲအတွင်း အားပေးသံများနှင့်တစ်ယောက်တစ်ပေါက် ဆူညံနေသော်လည်း သူတစ်ယောက်တည်း တိတိဆိတ်ငြိမ်သက်နေသည်။ပွဲ၏ ထောင့်စွန်းတစ်နေရာတွင် လှုပ်မယှက် တောင့်တောင့်ဖြောင့်ဖြောင့်ထိုင်လျက်ရှိသည်။အများသူငါလိုအားမလို အားမရ လက်သီးလက်မောင်းတန်းခြင်းမရှိ။လက်ခုပ်တီးခြင်းလည်း မရှိ။
သို့သော် သူ့စိတ်ကူးထဲတွင်တော့…
တစ်ယောက်ပြီးတစ်ယောက် ထိုးသတ်အနိုင်ယူပြီး အောင်ပွဲခံနေသည့် ကျော်မင်းခိုင်ကို သူရဲရဲဝင့်ဝင့် စိန်ခေါ်ပစ်လိုက်သည်။
အားလုံးက မျက်လုံးက သူ့ဆီကို တအံ့တသြ ရောက်လာကြသည်။တစ်ချို့က မဖြစ်နိုင်ဘူးဟု ခေါင်းခါယမ်းလျက် တစ်ချို့က
လှောင်ပြုံးပြုံးလျက်။ထိုထဲမှ သူ့ကို အားပေးသူတစ်ယောက်နှစ်ယောက်က လက်ခုပ်ထတီးပြီး အားပေးလို့နေသည်။
ကြိုးဝိုင်းထဲရောက်တော့ ကျော်မင်းခိုင်က သူ့ကိုကြည့်ကာ မခိုးမခန့် ရယ်နေ၏။အထင်သေးသည့် မျက်လုံးများနှင့် စိုက်ကြည့်နေသည်။သူကတော့ ဂရုမစိုက်။သူ မမှိတ်မသုန် စိုက်ကြည့်နေတာ အဲ့ဒီရင်ဘတ်ပေါ်က နာမည်။
ВЫ ЧИТАЕТЕ
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Любовные романыငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။
