Part 5 ( U & Z )

1.1K 23 0
                                    

Unicode

#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၅)

အိမ်ထဲမှာ မေမေရှိနေသည်ဆိုသည့်
အသိကနှိုင်းစိတ်ကို ကတုန်ကရီဖြစ်စေသည်။
စေ့ထားသည့် အိမ်တံခါးရှေ့မှာ ဖွင့်ရနိုးမဖွင့်ရနိုး  ချိတုံချတုံနှင့် အချိန်တော်တော်ကြာသွား၏။

မေမေနှင့် မတွေ့ရသည်မှာ ဆယ်နှစ်နီးပါး။
နှိုင်း မှတ်မိသေးသည်။
အဲ့ဒီနေ့က မေမေက ထွက်သွားလုဆဲဆဲမှာ ခရီးဆောင်အိတ်တွေချပြီး နှိုင်းကို ပြေးဖက်သည်။
လိမ်လိမ်မာမာနေဖို့ အထပ်ထပ်မှာပြီးမျက်ရည်တွေကျနေ၏။
ဖေဖေလည်း အခုလိုခရီးဆောင်အိတ်တွေယူပြီး နှိုင်းရှေ့က ထွက်သွားခဲ့သည်မို့ မေမေလည်း ထိုသို့ထွက်သွားတော့မည်ဟု နှိုင်းစိတ်ထဲသိနေ၏။

နှိုင်းရှိသမျှ အားလေးနှင့် မေမေ့ကို သိမ်းကျုံးဖက်ပြီး မသွားဖို့ တားမိသည်။
မေမေက မုန့်တွေအများကြီး သွားဝယ်တာဟု အကြောင်းပြပြီး နှိုင်းကို တီတီဆီမှာ စိတ်ချလက်ချထားရစ်ခဲ့သည်။

အဲ့ဒီနေ့ကစပြီး မေမေ့ကိုဖုန်းထဲမှာပဲ တွေ့ရတော့သည်။
မေမေပို့ပေးသည့် မုန့်တွေ အဝတ်အစားတွေ
ဝတ်ရစားရသော်လည်း နှိုင်းမပျော်မိ။
မေမေ ဘယ်မှာလဲ ဟု မေးလျှင်မေမေက ဟိုးဆိုသည့် သံရှည်ကြီးဆွဲပြီး ဘာနေရာမှန်းမသိသည့် အဝေးကြီးဆိုသည့် တစ်နေရာကို အမြဲပြောတတ်သည်။

နှိုင်းအရွယ်ရောက်လာတော့ မေမေရှိသည့်နေရာကို လေယာဉ်အချိန်အကြာကြီးစီးပြီးသွားရင် ရောက်နိုင်သည်ဟု သိလိုက်ရသည်။ မေမေဆီလိုက်သွားချင်တယ်ဟု တီတီကို ပူဆာတော့ တီတီက မေမေ နောက်အိမ်ထောင်ပြုသွားဟု ဖွင့်ပြောပြ၏။

ထိုအချိန်ကတည်းက မေမေ့ကိုတွေ့ဖို့ နှိုင်းမကြိုးစားမိတော့။
တွေ့ချင်စိတ်လည်း မရှိတော့။
သို့သော် တစ်ခါတလေတော့ ဆောက်တည်ရာမရအောင် သတိရမိပါတယ်။
နှိုင်းကကလေးပဲလေ…ကလေးတစ်ယောက်ကခံစားချက်ကို ဘယ်လောက်ထိန်းချုပ်နိုင်မှာလဲ။
သို့သော် နှိုင်း ရအောင်ထိန်းချုပ်ခဲ့သည်။အခု အချိန်အတော်ကြာ အသားကျအောင် နေခဲ့ပြီးမှ မေမေ့ကို ပြန်တွေ့ရတော့မည်။
မေမေက အခြေအနေကို လာထိန်းတဲ့သူလား။
ဒါမှမဟုတ် ထပ်ပြီး လှုပ်ရှားယိမ်းယိုင်အောင် လုပ်အုန်းမှာလား။

မျှား၍မယူ...ထုဆစ်ယူသည် ( Completed )Donde viven las historias. Descúbrelo ahora