Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၃)"အမယ်လေး လေး ငါ့မြေးလေးကိုမှ
ရက်ရက်စက်စက်…ဖြစ်မှဖြစ်ရလေ မြေးရယ်"ခြေထောက်ကို ကျောက်ပတ်တီးစည်းလာပြီး ပြန်လာသော နေထည်ဝါကို မြင်သည်နှင့် အဖွားဖြစ်သူက အသံပျာပျာ ကစုန်ပေါက်လို့နေ၏။
အမေဖြစ်သူကလည်း မျက်စိပျက်မျက်နှာပျက်နှင့် ပျာပျာသလဲ…။
"သားလေး…မေမေ့သားလေး…အမယ်လေး
မသေကောင်းမပျောက်ကောင်း သားရယ်…ဟင့်…ဟင့်
ကျောက်ပတ်တီးကြီးနဲ့…ဘယ်လိုဖြစ်ရတာလဲ""မေမေ အီး ဟီးး ဟီးး"
နေထည်ဝါကလည်း အမေဖြစ်သူမြင်တာနှင့်
သိုင်းဖက်ပြီး ရှိုက်ငိုတော့သည်။"သနားပါတယ် ကလေးရယ်…တော်တော်နာနေမှာပဲ"
"နာတယ် မေမေ…အဟင့်…ဟင့် ခြေထောက်က လုံးဝ ထောက်လို့မရဘူး
အီးဟီး…ဒီအတိုင်းဆို
သား ခြေကျိုးကြီးအတိုင်း နေရတော့မယ် နဲ့တူပါတယ်…မေမေရယ် အီး ဟီးးး""အို မဟုတ်တာ သားရယ်…မေ့သားလေး
ဘာမှမဖြစ်ရပါဘူး…"မအေကို ဖက်ကာ အာပြဲနှင့် အော်ငိုနေ၍
မအေဖြစ်သူကလည်း မျက်ရည်တရွှဲရွှဲ။
အဖွားဖြစ်သူကလည်း မျက်ရည်မဆည်နိုင်။"မဖြစ်ပါဘူးထည်ထည်ရယ်…ဆရာဝန်ပြောတာမကြားဘူးလား…ခြေထောက်က အရိုးအက်သွားတာပါ…တစ်ပတ်လောက်နားလိုက်ရင် အကောင်းအတိုင်း ပြန်ဖြစ်လာမှာ"
ထိုသို့ပြောနေရင်းနဲ့ကို တိမ်ဖြူ အသံတွေက
တုန်ရီလို့နေ၏။ကျန်သူများတော့ နေထည်ဝါကို ဒဏ်ရာဒဏ်ချက်ဖြစ်အောင် လုပ်သူမှန်သမျှ သတ်မည် တကဲကဲနှင့်ဒေါသပုန်ထလို့နေသည်။တစ်အိမ်လုံး ကျွက်ကျွက်ညံအောင် ဆူညံနေသည်မို့ နေထည်ဝါအဖိုးနှင့်အဖေလည်း စာကြည့်ခန်းထဲမှ ထိတ်ထိတ်ပျာပျာ ထွက်လာကြသည်။
"ဟ ဆူလှချည်လား…ဘာဖြစ်ကြတာတုံး…"
အဖိုးဖြစ်သူက တစ်အိမ်သားလုံး ဝိုင်းအုံနေသည့် အနားသို့ကပ်လာရင်း မေး၏။

YOU ARE READING
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Romanceငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။