Part 8 ( U & Z )

1K 23 0
                                    

Unicode

#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၈)

သူငယ်ချင်းသုံးယောက် ကျောင်းဝန်းထဲကထွက်ပြီး ကားဂိတ်ဆီသို့ရောက်လာကြသည်။

"မောတာ ဘာလို့ ပြေးရတာလဲ …နောက်က ကျားလိုက်လာတာကျနေတာပဲ

မောသံကြီးနဲ့ ထပြောသော ထည်ဝါကိုကြည့်ပြီး နှိုင်းနှင့် ရွှေရုပ် သဘောကျစွာ ရယ်နေမိသည်။

"ငါတော့မမောဘူး…နှိုင်းပြန်လာတာ ပျော်လွန်းလို့… မောတယ်ဆိုတာ ဘာမှန်းတောင် မသိဘူး နော် နှိုင်း"

ရွှေရုပ်အပြောကို နှိုင်းက ပြုံးပြုံးကြီးခေါင်းညိတ်ပြသည်။

"နင် အရမ်းလှလာတယ်…နှိုင်း
အရပ်လည်းရှည်ပြီး အသားလည်း ဖြူလာတယ်…
ပြင်ပြင်ဆင်ဆင် နေတတ်လာလို့လား
မသိဘူး…တကယ့်ဘိုမလေးအတိုင်းပဲ…အရမ်းစတိုင်လ်ကျတယ် "

ရွှေရုပ်က နှိုင်း၏  ရွှေအိုရောင်နှင့်
အဖြူရောင်ကာလာရောဖောက်ထားသော
ပခုံးကျော်ကျော်ရှိသည့် လှိုင်းတွန့်သဏ္ဌာန် ဆံပင်များကို သူ့လက်နှင့်သပ်ပြီး ပြောနေ၏။

"ငါ့ထက်နင်က ပိုလှတာပေါ့…မြန်မာဆန်တဲ့အလှကို ဘယ်အလှမှ မမီဘူး…တကယ့်ကို  ရိုးရိုးယဉ်ယဉ် ချစ်စရာလေး"

ရွှေရုပ်ပါးလေးကို အသဲယားစွာ ဆွဲဖဲ့ပြီးပြောတော့ ရွှေရုပ်က သဘောကျကာ ကလေးလေးလိုရယ်နေ၏။

"အမယ်လေးဟဲ့…ချဉ်နေလိုက်တာ ငါးချဉ်တွေ… လူမြင်ကွင်းမှာတောင် ဘယ်လိုဖြစ်နေကြတာတုံး…တော်ကြာ… မိန်းကလေးချင်းကြိုက်နေတယ် ထင်နေအုန်းမယ်"

ခါးထောက်ပြီး ထအော်လိုက်သည့် ထည်ဝါ အမြင်ကတ်အောင် ရွှေရုပ်က နှိုင်းတစ်ကိုယ်လုံးကို  သိမ်းကျုံးကာ ဖက်ပြ၏။

"ထင်ပစေ…လူတွေသိလေ ပိုကောင်းလေ"

"နေအုန်း…ရွှေရုပ်ရဲ့…
ထည်ဝါကို သူ့ကို မဖက်လို့ မနာလိုတာနေမှာ… လာ…ငါ ဖက်ပေးမယ်"

နှိုင်းက ပြောပြောဆိုဆို ရွှေရုပ်ကို ခွာပြီး ထည်ဝါကို ပြေးဖက်လိုက်သည်။

"အမယ်လေး…အင်္ဂလိပ်မ…လက်ရဲဇက်ရဲနဲ့…သွား"

တီကောင်ဆားနှင့်ပက်သလို တွန့်တက်လိမ်ပြီး ရုန်းကန်နေသည့်
ထည်ဝါကိုကြည့်ပြီး နှိုင်းက ခွက်ထိုးခွက်လှန် အော်ရယ်နေသည်။

မျှား၍မယူ...ထုဆစ်ယူသည် ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ