Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၃၇)
နေ့သစ်က မဝတ်ချင်သည့် အဝတ်ဝတ်ရသကဲ့သို့ မွန်းကြပ်စရာကောင်း၏။အလင်းရောင်တွေ မြင်ရပါလျက်နှင့်
အမှောင်ကျသလိုခံစားနေရသည့်အခါ အသက်ရှင်နေသည်မှာ အဓိပ္ပာယ်မရှိသလိုပင်။
ကိုယ်ဘာမှမတတ်နိုင်ဘဲ ပြောင်းလဲသွားသည့် နေ့ရက်ကို စက်ဆုပ်ရွံရှာမိသည်…။
ခြေတွေလက်တွေ ရှိလျက်နှင့်ကိုယ်တန်ဖိုးထားရသည့် မိန်းကလေးတစ်ယောက်ကို မကာကွယ်လိုက်နိုင်ခဲ့။သူဟာ လူဆိုတဲ့ခေါင်းစဉ်အောက်မှာတောင် မရှိသင့်ဘူးဟု ထင်မိသည်။
နှိုင်း…နှိုင်းရေ…။
သူ နိုးနိုးချင်း ဒီလို အော်ဟစ် ငိုကြွေးမိတယ်။
ဟုတ်တယ် နှိုင်း…နင် ပြောသလို ငါက ငိုဖို့ပဲ တတ်နိုင်တဲ့ကောင်။
ငါ အသုံးမကျဘူး။
ငါ…တကယ် အသုံးမကျဘူး နှိုင်းရယ်။
ငါ့ကိုယ်ငါ သတ်ပစ်ချင်လောက်အောင် မုန်းတယ်။တကယ်ဆို ငါသေသွားရမှာ။
နင့်ကို လက်လွှတ်ပေးလိုက်ရဆိုတဲ့အသိနဲ့ နိုးထလာတာထက် သေသွားတာမှ ပိုကောင်းအုန်းမယ်။
အားလုံးက ငါ့ကို ဖြောင်းဖျတယ်။
ငါ အတတ်နိုင်ဆုံး လုပ်ခဲ့ပါတယ်တဲ့နင်က နင့်အပြစ်နဲ့နင် ခံရတာတဲ့။
မဟုတ်ဘူး နှိုင်း…
နင့်မှာ ဘာအပြစ်မှ မရှိဘူး။
နင်ဟာ အပြစ်ကင်းစင်တဲ့ မိန်းကလေးတစ်ယောက်။ငါတို့အတွက် အမြဲသတ္တိပြည့်နေတဲ့ မိန်းကလေးတစ်ယောက်။နင်…ငါတို့ရှေ့မှာ အမြဲသူရဲကောင်းလုပ်ခဲ့တယ်။လူမုန်းခံခဲ့တယ်။ငါတို့ ပျောက်ဆုံးနေတဲ့ လွတ်လပ်ခွင့်တွေကို နင်ရှာပေးခဲ့တယ်။ငါတို့ကြောက်လန့်နေတဲ့အခါတိုင်း နင်အမြဲရှိခဲ့တယ်။
နင်ကြောက်လန့်တဲ့အချိန်မှာတော့…နင်တစ်ယောက်တည်းပဲရှိတယ်။နင့်ကို ဘယ်သူမှ မကာကွယ်နိုင်ကြဘူး။
နင် ဘယ်လောက် ကြောက်နေမလဲ။
ဟာ…နှိုင်းရယ်… ငါ ရူးတော့မယ်…
ငါ ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး …
ငါဟာ သေသင့်တဲ့ကောင်ပါ။
ငါ့ကို လာသတ်ပါ။ဒါမှမဟုတ် နင့်ထုံးစံအတိုင်း ငါ့ကိုနာနာကျင်ကျင်လာပြောစမ်းပါဟာ…
ငါ နင့်ကိုတွေ့ချင်တယ်…
ငါ နင့်ကိုတွေ့ချင်လိုက်တာ နှိုင်းရယ်…
မျက်လုံးတွေပိတ်ထားပါသော်လည်း မျက်ဝန်းထောင့်က မျက်ရည်တွေစီးကျနေသည့် ထည်ဝါကို ကြည့်ပြီး ရွှေရုပ် တရှုံ့ရှုံ့ငိုနေမိသည်။
နင် တော်တော်ခံစားနေရလား ထည်ဝါ…
ဒီပြဿနာဖြစ်လာမှ နင်…နှိုင်းကို တော်တော် တန်ဖိုးထားမှန်း ငါသိတော့တယ်။
ငါဆိုရင်ရော…နင် အဲ့လို လုပ်မှာလား…။နင့်ရင်ထဲက အဖြေက ဘာလဲ။
တကယ်တော့လည်း ငါ မသိချင်ပါဘူးဟာ။ဘာကိုမှ တိတိကျကျအဖြေထွက်တာမျိုး ငါ မလိုချင်ဘူး…။အဲ့ဒီအဖြေတွေအတွက် ခံနိုင်ရည် ရှိပါ့မလားလည်း မသိဘူး။
အခုဆိုရင်…ထည်ဝါ ဆေးရုံတင်ထားရသည်မှာ သုံးရက် ရှိပြီ။မျက်လုံးဖွင့်တိုင်း နှိုင်းပဲ တမေးတည်း မေးပြီး စိတ်တအားဆိုးသည့်အချိန်ဆို ဆေးရုံက ဆင်းမယ်ဟု ပြောကာ သောင်းကျန်းတတ်သည်။
ANDA SEDANG MEMBACA
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Cintaငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။
