Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၂၈)
မနက်ခင်း၏ လတ်ဆတ်အေးမြသည့်လေပြေညှင်းများကို အားရပါးရ ရှုရှိုက်ရင်း ထည်ဝါ ပေါ့ပါးစွာ ပြေးနေသည်။
တစ်ညလုံးကောင်းကောင်း မအိပ်ခဲ့ရ၍ မူးနောက်နောက်ဖြစ်နေသော်လည်း မနက်စောစောထပြေးလိုက်သည့်အခါ ချွေးနည်းနည်းစို့လာပြီး စိတ်တွေကြည်သလိုဖြစ်လို့လာသည်။
နားထောင်နေရသည့် သီချင်းကြောင့်လည်း ပါသည်။မော၍ မောမှန်း မသိသာလိုက်။ညစ်နွမ်းနေသည့်စိတ်တွေအားလုံး သီချင်းထဲမြုပ်နှံထားလိုက်သည်။တီးလုံး အမြူးလေးနှင့်အတူ စိတ်သည်လည်း ပေါ့ပါးလန်းဆန်းလာသည်။
Girl, you know I want your love
Your love was handmade for somebody like me
Come on now, follow my lead
I may be crazy, don't mind me
မိန်းကလေး ငါ မင်းအချစ်ကို လိုချင်တယ်
မင်းချစ်ခြင်းက ငါ့အတွက်ဖန်တီးခဲ့တာ
လာခဲ့ ငါ့ဦးဆောင်တဲ့နောက်ကိုလိုက်
ငါ ရူးချင်ရူးလိမ့်မယ် ဂရုမစိုက်ပါနဲ့
'shape of you'သီချင်းထဲက စာသားအတိုင်း ခံစားမိတော့ အိပ်မက်ထဲကမိန်းကလေးကို ဝိုးတိုးဝါးတား မြင်ယောင်မိသည်။
စိတ်ထဲက နှစ်နှစ်ကာကာချစ်တယ်ဟု ပြောခဲ့သည့် မိန်းကလေးတစ်ယောက်၏ မျက်နှာကိုဘာကြောင့် မမှတ်မိရတာလဲဟုတွေးပြီး
ကိုယ့်ကိုကိုယ် မချင့်မရဲဖြစ်နေမိသည်။တကယ်ဆို မှတ်မိနေရမှာ။
မှတ်မိခဲ့ရင်ရော သူမကို အိပ်မက်ထဲကလို ချစ်မလား။အချစ်ဆိုတာမျိုးကို သူမခံစားတတ်။သို့သော် ထိုမိန်းကလေးကိုတော့ သူချစ်သည်ဟု ပြောခဲ့သည်။
အခုထိတိုင် အိပ်မက်မှန်း သိသည့်တိုင် ထိုမိန်းကလေးအကြောင်း တွေးမိလျှင် နွေးထွေးတုန်း။ပျော်ရွှင်တုန်း။ကိုယ့်ရှေ့မှာ လက်လွတ် ဆုံးရှုံးခဲ့ရသည့်အတွက် ဝမ်းနည်း နာကျင်မိတုန်းပင်။
ဒါဟာ အချစ်များလား။
ထည်ဝါ ပျံ့လွှင့်သွားသည့် အတွေးများကို ပြန်စုစည်းပြီး သီချင်းကိုပဲ နားစိုက်ထောင်လိုက်မိသည်။ထိုအချိန် နောက်က ပြေးလာပြီး အရှိန်ပြင်းပြင်းနှင့် တွန်းလှဲလိုက်သည့် လူတစ်ယောက်ကြောင့် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ခြေပစ်လက်ပစ် ပစ်လဲကျသွားသည်။ရုတ်တရက် နားမလည်နိုင်အောင် ဖြစ်သွားပြီး စိတ်လည်းတိုသွားမိသည်။
ВЫ ЧИТАЕТЕ
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Любовные романыငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။
