Part 22 ( U & Z )

703 16 0
                                    

Unicode

#မျှား၍မယူ...ထုဆစ်ယူသည်
#အပိုင်း(၂၂)

"ဖေ့ဖေ့သားက သမီးကို လူကြားထဲမှာ ပြန်ခံပြောတာ ရစရာမရှိဘူး သမီးရှက်လိုက်တာ ဖေဖေရယ်...အီးး ဟီး"

မမကြယ်လေး ငိုပြီးတိုင်လိုက်သည်နှင့် ဖေဖေဒေါသတွေက ထည်ဝါဆီသို့ ပုံကျလာသည်။

"သူပြောတာ ဟုတ်လား ထည်ဝါ..."

"ဟုတ်တယ်"

ထည်ဝါ မဆိုင်းမတွ ပြန်ဖြေတော့ ဖေဖေ
ပိုစိတ်တိုသွားပုံရသည်။လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ပြီး အံကြိတ်ပြီး စိုက်ကြည့်၏။

"ဒီလို ရိုင်းတဲ့အတတ်တွေ ဘယ်က တတ်လာတာလဲ... "

"ကျွန်တော် မရိုင်းဘူး ဖေဖေ...ကျွန်တော့်သူငယ်ချင်းတွေကိ မနှိမ်ဖို့ပဲ မမကို ပြောခဲ့တာ...မမက ကျွန်တော့် သူငယ်ချင်းတွေကိုတစ်မျိုးပြီး တစ်မျိုး စော်ကားတာ...ဖေဖေ
မသိလို့"

"အောင်မာ...ငါကများ စော်ကားတယ်များရှိသေးတယ်...
အဲ့ဒီကောင်မလေးကရော ဘာကောင်းတာရှိလဲ...သူနဲ့နင်က မတူဘူး...သူက မိမရှိ ဖမရှိနဲ့သူသေလည်း ငိုမဲ့သူမရှိဘူးဟဲ့ သိလား"

"အဲ့ဒါ မမကိစ္စမဟုတ်ဘူး...မမပြောစရာကို မလိုဘူး..."

ထည်ဝါ ဒေါသတကြီး ထအော်တော့ ကြယ်လေးက စွေ့စွေ့ခုန်သွား၏။

"နင် ငါ့ကိုအော်စရာမလိုဘူးနော် ထည်ဝါ...
ငါ နင့်ထက် အကြီး"

"အကြီးဆိုရင် စိတ်ထားမှန်မှန်ထားရတယ်...အခု မမစိတ်ပုတ်တယ်...မမစိတ်ဓာတ်ကို
မကြိုက်ဘူး...မကြိုက်လို့ အော်တာ"

"နင် ပြောလေ ကဲလေပါလား ငါလုပ်မိတော့မယ်နော်"

"တော်တော့ ...နှစ်ယောက်လုံး တော်တော့..."
ဖေဖေအသံကြောင့် နှစ်ယောက်စလုံး မီးခဲ ရေနှင့်ဖြန်းသကဲ့သို့ ငြိမ်ကျသွားပြီး မေမေအပါအဝင် တစ်အိမ်သားလုံးလည်း သူတို့အနားသို့ အပြေးတပိုင်း ရောက်လာကြသည်။

"ငါ အဖေတစ်ယောက်လုံးရှိတာတောင်
မင်းတို့ အဲ့လိုဖြစ်နေတယ်ဆိုရင် ငါတို့ သေရင် ဘယ်လိုများဖြစ်ကြမလဲ...ဒီလိုပုံစံနဲ့
ငါတို့ ဘယ်လိုလုပ် စိတ်ဖြောင့်ဖြောင့် သေရမလဲ"

မျှား၍မယူ...ထုဆစ်ယူသည် ( Completed )حيث تعيش القصص. اكتشف الآن