Part 4 ( U & Z )

1.1K 27 0
                                    

#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၄)

ရက်မှနှစ်သို့အလီလီပြောင်းရွှေ့ခဲ့သည်။
ဆယ်တန်းဆိုသည့် ဘဝတစ်ဆစ်ချိုး အချိုးအကွေ့ရောက်သည့်တိုင်…နှိုင်းတို့ သူငယ်ချင်းတတွေ မခွဲအတူ တတွဲတွဲရှိနေကြမြဲပင်။

ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ရင်တော့ တစ်ယောက်တစ်ကွဲစီ ဖြစ်သွားနိုင်သည်ဟု နှိုင်းက နှလုံးသွင်းထားသော်လည်း ရွှေရုပ်ကတော့ တက္ကသိုလ်မှာလည်း  မေဂျာအတူ၊ ကျောင်းအတူတက်ကြမယ်ဟု  အမြဲ တက်တက်ကြွကြွပြောတတ်သည်။

ထည်ဝါကတော့ "နင်နဲ့ငါနဲ့တော့သေချာတယ်
ဟိုတစ်ယောက်တော့ မထင်ပါဘူး"ဟု
နှိုင်းကို မျက်စပစ်ပြီး ပြန်ပြောတတ်၏။
နှိုင်း ပြန်လည်မချေပဘဲငြိမ်ငြိမ်လေးပဲ နေမိသည်။

အခုနေ ဆယ်တန်းကျလည်း ဝမ်းနည်းစရာမရှိ။ အမေကနိုင်ငံခြားမှာခေါ်ထားပြီးကျောင်းတက်ရမည်ဆိုကတည်းက ဆယ်တန်းအောင်ချင်စိတ်မရှိတော့ပေ။

နှိုင်းနိုင်ငံခြားမသွားချင်။နိုင်ငံခြားမှာသွားနေလည်းနှိုင်းလိုချင်သည့် နွေးထွေးသည့် မိသားစုကို ရလာမှာမဟုတ်။
သမီးနှင့် ခင်ပွန်းဖြစ်သူကြား အမေပဲ နေရခက်မှာ။နှိုင်း ထိုသို့လည်း မနေချင်။
မနေချင်လည်း ဘယ်မှာနေရမလဲ မသိ။

တီတီ က နှိုင်းဆယ်တန်းဖြေပြီးတာနှင့်
အိမ်ထောင်ပြုတော့မှာ။ဒီလိုဆို နှိုင်း… တီတီနှင့်လည်း နေလို့မဖြစ်တော့။တီတီကလည်း အရွယ်ရောက်နေသည့် တူမနှင့် အတူနေချင်သည့်ပုံမပေါ်။

အဲ့ဒီတော့ နှိုင်းအတွက်က…သူငယ်ချင်းတွေ
နှင့် ခွဲရမှာသေချာသလောက်ရှိနေသည်။
အမေနှင့်ခွဲနေနိုင်ပေမဲ့ ရွှေရုပ်တို့နှင့်တော့  နှိုင်းမခွဲနိုင်။သူတို့က နှိုင်းအတွက် မိသားစုဆိုလည်းမမှား။သူတို့ကြောင့်
နှိုင်းဘဝ စိုစိုပြေပြေဖြစ်လာခဲ့တာ။

ထိုသို့တွေးမိတိုင်း မျက်ရည်တွေဝဲလာပြီး
အနာဂတ်ပျောက်သလို ခံစားရသည်။
ဒါကို သူတို့နှစ်ယောက်က မသိ။
နှိုင်းကလည်း မပြောပြ။သူတို့သိရင် စိတ်မကောင်းဖြစ်မှာ။နဂိုကတည်းက စိတ်ခံစားလွယ်ကြသူမို့ နှိုင်းကြောင့် ခံစားရမှာကို မလိုချင်။

မျှား၍မယူ...ထုဆစ်ယူသည် ( Completed )Where stories live. Discover now