Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၁၉)နောက်နေ့တွင် ရွှေရုပ်သည် ထည်ဝါကိုခေါ်ပြီး အိမ်သို့ရောက်လာသည်။ထည်ဝါရုပ်က ရှူတည်တည်နှင့် စိတ်မကြည်သည့်ပုံပင်။ရွှေရုပ်က အတင်းဆွဲခေါ်မှ အိမ်ထဲသို့ မဝင်ချင် ဝင်ချင်ဝင်လာသည်။
"နှိုင်း နင် ထည်ဝါကိုပြောလိုက်စမ်းပါ… အဲ့သင်တန်းသွားစရာမလိုတော့ဘူးလို့
အခုပဲ ပြောလိုက်"ရွှေရုပ်က ရောက်ရောက်ချင်းထိုစကားကို အတင်းပြောခိုင်းသည်။နှိုင်း ခပ်ဟဟရယ်လျက် ထည်ဝါကိုကြည့်မိသည်။ထည်ဝါက သူ့ကိုမော့မကြည့်။ဆိုဖာတွင် စူပုတ်ပုတ်နှင့် ဝင်ထိုင်နေ၏။
"ဟဲ့…နှိုင်း ငါပြောနေတယ်လေ…နင်ပါပြောမှ ထည်ဝါကို တားလို့ရမှာပါဆို…သင်းက သူလုပ်နိုင် မလုပ်နိုင်ကို မသိဘူး… မြှောက်ပေးတိုင်းအကုန်လျှောက်လုပ်နေတာ"
"ငါကတော့ မြှောက်ပေးလို့ လုပ်တယ် မထင်ပါဘူး…သူလိုလိုချင်ချင် လုပ်တယ်လို့ပဲ ထင်တယ်…ဟုတ်တယ် မဟုတ်လား ထည်ဝါ"
သူ့စကားကြောင့် ထည်ဝါက ဘုဆတ်ဆတ်
နှင့် ပြန်ကြည့်သည်။နှိုင်း နရံပေါ်က နာရီကို မျက်စလှမ်းပစ်ပြလိုက်သည်။သင်တန်းချိန်နီးနေပြီဆိုသည့် သဘော။ ထည်ဝါ ခေါင်းကို ချက်ချင်းပြန်ငုံ့ပြီး အံကြိတ်နေ၏။"ဘာပဲပြောပြော နင် မလုပ်ရဘူး ထည်ဝါ
ငါ … အားမပေးဘူး…နင်ပင်ပန်းမှာ သိလား…အခုတောင် ကိုယ်လက်မအီမသာဖြစ်နေတယ် မဟုတ်လား"ရွှေရုပ်က ထည်ဝါနဖူးလေး ပါးလေးတွေကို ဖွဖွလေးစမ်းပြီး ပြောသည်။
"ဟယ် ကိုယ်တွေနွေးနေပါလား…နှိုင်း…သူ ဖျားနေပြီ ကြည့်စမ်း"
ထည်ဝါက ဂရုတစိုက်ရှိသူ၏ မျက်စိအောက်တွင် ယုန်သူငယ်လေးသဖွယ် ဖြစ်နေ၏။နှိုင်းကတော့ အပြုံးအရယ်မပျက်။
"အစကတော့ ဒီလိုပဲ ပင်ပန်းမှာပဲ…ဒီလိုပဲ
အကျင့်ရအောင် လုပ်ယူရမှာပေါ့""ဘာကိုအကျင့်လုပ်ယူရမှာလဲ…ဘာအတွက်လဲ…လူအချင်းချင်း ထိုးကြိတ်သတ်ပုတ်ဖို့များ သင်ရတယ် ရှိသေးတယ်…အံ့သြပ…အို…တော်ပြီ…ထည်ဝါ နှိုင်းမပြောလည်း ငါပြောတယ် …နင် မသွားရဘူး…အိပ်တော့"

ВЫ ЧИТАЕТЕ
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Любовные романыငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။