Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၁၅)"ဒီအတိုင်းဆို အငယ်ဆုံးက အရင်စွံတော့မှာပဲ…မမဖြူ က အငယ်လေးကို ငယ်သေးတယ်ထင်တာ…
အငယ်လေးက ငယ်မှမငယ်ဘဲကို""ဟမ်း…မမဖြူ နော်…လာမစနဲ့…ကြယ်လေးက ကလေးပဲ ရှိသေးတာကို …အိမ်ထောင်မပြုချင်ပါဘူး"
ကြယ်လေး ကုတင်ပေါ်က အရုပ်တစ်ရုပ်ကို ကောက်ပွေ့ပြီး ရှက်ကိုးရှက်ကန်းဆိုလိုက်သည်။အစ်မသုံးယောက်က သူ့ကို ရယ်ကျဲကျဲ ကြည့်လို့နေ၏။
"ကလေး ကလေးနဲ့နော်…မိဘတွေကပေးစားမယ် ဆိုတာနဲ့ တစ်ခါတည်း ခေါင်းတန်းညိတ်လိုက်တာပဲ…"
"ဟုတ်ပ…တော်တော်ငြင်းလိုက်တယ်…ဘယ်အချိန်ကတည်းက ခေါင်းညိတ်ချင်နေလဲမသိဘူး…"
"အဲ့ဒါက…ဟို…"
"ဘာဟိုလဲ…ဒါလား"
မမလမင်းက ရင်ဘတ်အနားတဝှိုက်ကနေ လက်ဟန်ခြေဟန်နှင့် ပြသည်။
"ဟာ မသိဘူး…မမတို့ကလဲ…သိရက်သားနဲ့…သွားတော့
ကြယ်လေး အိပ်တော့မယ်…"ကြယ်လေး ကုတင်ပေါ်က ဆင်းပြီး အစ်မသုံးယောက်ကို အခန်းအပြင်သို့ တွန်းလွှတ်လိုက်သည်။
"ဟ ဘာလဲဟ မသွားပါဘူး…စကားပြောအုန်းမယ်လေ"
"မပြောနဲ့…ကြယ်လေး အိပ်ပါတော့မယ်ဆို…"
"အိပ်မှာလား စိတ်ကူးယဉ်မှာလား ပြော"
"ဟာ…အိပ်မှာပါဆို…သွားတော့ကွာ…အကုန်သွားတော့…သွား…"
"အတင်းကြီးပါလား…ရှက်ရှက်နဲ့ ငါတို့ကို
မောင်းထုတ်နေတယ်ဟေ့""ဟုတ်တယ်…မောင်းထုတ်မယ်…သွားတော့…
မမတို့က တစ်ယောက်တစ်ပေါက် စနေတာ…ကြယ်လေး ရှက်တယ်"အစ်မသုံးယောက် အခန်းအပြင်ရောက်သည်နှင့် တံခါးကို အတင်း ဆွဲပိတ်ပစ်ပြီး
နှုတ်ခမ်းကိုကိုက် မျက်နှာကိုအုပ်ပြီး ရယ်နေမိသည်။ရှက်လိုက်တာ…ဘာကို ရှက်နေမှန်းမသိ။
သူ့အကြောင်းတွေးရင် ရင်ထဲ ကတုန်ကရီနှင့် မျက်နှာမထားတတ်အောင် ရှက်မိသည်။
KAMU SEDANG MEMBACA
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Romansaငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။