Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၂၅)"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါတယ်ရှင်"
"ဟ"
ဖုန်းကို ထပ်ခါတလဲလဲ ခေါ်နေရင်း ထည်ဝါ တအံ့တသြ ဖြစ်နေမိသည်။ရွှေရုပ်ရော နှိုင်းပါ ဖုန်းပိတ်ထားကြသည်တဲ့။
ဘာကြောင့်လဲ။အခန်းထဲတွင် ဟိုလျှောက် ဒီလျှောက်ပြီးစဉ်းစားနေမိသည်။ရွှေရုပ်က နေမကောင်းလို့ပဲထား။
နှိုင်းက ဘာလို့လဲ။စိတ်ဆိုးနေတာလား။ဘယ်သူ့ကိုလဲ။
ဒါမှမဟုတ် နှိုင်းနှင့်ရွှေရုပ်ပဲ ရန်ဖြစ်ထားကြတာလား။
ဘာကိစ္စကြောင့်လဲ။နေ့လည်က ကိစ္စကြောင့်လား။"ဟူး"
လေပူကို မှုတ်ထုတ်ပြီး အိပ်ရာပေါ် ပစ်လှဲချလိုက်သည်။
အဖြေလည်းရှာမရ။
စာအုပ်ဆိုင် သွားနေသည့် အတောအတွင်း
သူတို့ ဘာဖြစ်ကြလဲ။သူ ပြန်လာတော့ ရွှေရုပ်က ခေါင်းကိုက်၍ ငိုနေသည်။နှိုင်းကလည်း မျက်နှာမကောင်း။သေချာတယ်။
သူတို့နှစ်ယောက် ရန်ဖြစ်ခဲ့တာပဲ ဖြစ်မည်။
ဘာမဟုတ်တာလေးနှင့်…။နှစ်ယောက်သား သူ့လက်တစ်ယောက်တစ်ဖက် အပြိုင်အဆိုင်ဆွဲပြီးထအော်ကြသည်ကို မြင်ယောင်မိသည်။
သူတို့နှစ်ယောက်က တည့်နေရင်လည်း နှစ်ယောက်ပေါင်းပြီး သူ့ကိုဖဲ့သည်။
မတည့်ပြန်ရင်လည်း သားလုပွဲကဲ့သို့ သူ့ကို လုနေတော့တာပင်။ မိန်းကလေးတွေနှင့် ပေါင်းရသည်မှာ လွယ်တော့မလွယ်။ငယ်ငယ်တုန်းက သူတို့နှစ်ယောက်ရန်ဖြစ်ပြီဆို သူ့ကို ဘယ်သူ့ဘက်မှာနေမလဲ ဆိုပြီး
အမြဲလာမေးကြသည်။ နှိုင်းကထုံးစံအတိုင်း ခြိမ်းခြောက်တတ်သည်။သူ့ကို မခေါ်ရင် ဘာဖြစ်တယ် ညာဖြစ်တယ် ပြောတတ်သည်။
ရွှေရုပ်ကတော့ ငိုတော့တာပင်။သူ့မှာ ရွှေရုပ်ကို ချော့မိလျှင် နှိုင်းက သူ့ကို
မခေါ်မပြောတော့။ နှိုင်းကို ခေါ်ပြောမိပြန်ရင်လည်း ရွှေရုပ်က စိတ်ကောက်၍မဆုံး။ထိုသို့နေ့မျိုးဆို သူလည်း နေတတ်သလို နေရသည်။ သို့မဟုတ် သူပါ နှစ်ယောက်လုံးကို မခေါ်ဘဲ နေရသည်။
အခုလည်း ဘယ်လိုနေရမလဲ မီးစင်ကြည့်ရမှာပင်။
BẠN ĐANG ĐỌC
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Lãng mạnငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။