Part 14 ( U & Z )

819 16 0
                                    

Unicode

#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၁၄)

အခုတလော ထည်ဝါမိဘတွေက ထည်ဝါဘယ်သွားသွား သီဟနှင့်ပဲ စိတ်ချသည်။
သီဟပါမှ အပြင်ထွက်ရသည်။သီဟက
ယောကျာ်းလေးလည်း ဖြစ်ပြန် ရင့်ကျက်တည်ငြိမ်သည်ဟု သူတို့ တွေးထင်ထားပုံ
ရပါသည်။

သီဟကလည်း စကားပြော ညက်သည်။
အားလုံးနှင့် လိုက်လျောညီထွေစွာ နေတတ်သည်။ ထည်ဝါထက် အသက်အနည်းငယ်ကြီးသော်လည်း လူကြီးဆန်ဆန်နေတတ်သည်။အနေအေးပြီး စကားပြောရင်လည်း ရည်ရည်မွန်မွန်ရှိသည်။ကိုယ်ပိုင်စီးပွားရေးလည်း လုပ်ကိုင်ပြီး အတန်အသင့် အောင်မြင်နေ၍ အဖေတို့ကအစ သီဟကို အတုယူဖို့ အမြဲပြောတတ်သည်။

ထည်ဝါကတော့ စိတ်ရှုပ်မိသည်။
သီဟစိတ်ကို သူအသိဆုံး။
အခုဆို သီဟ၏ မရိုးသားသည့်စိတ်က ပိုဆိုးလာသည်။ သူ့ကို မိန်းကလေးတစ်ယောက်ကို ပိုးပန်းသလိုမျိုး ပိုးပန်းနေ၏။

သူ့ကို မေတ္တာရှိကြောင်း တဖွဖွ ပြောတတ်လာသည်။လိင်တူချစ်သူတွေ အကြောင်း သွေးတိုးစမ်း ပြောတတ်လာသည်။
အခုလည်း မနက်ဖြန် သင်တန်းရှိသည်မို့
သီဟကို 'လာခေါ်ဖို့ အဆင်ပြေမလား' ဟု စာတစ်စောင်ပဲ ပို့ရသေးသည်။
သူပြန်ပို့သည့်စာပေါင်းက မရေတွက်နိုင်တော့။ နောက်ဆုံး သူပို့လိုက်သည့် စာကို ဖတ်ပြီး ထည်ဝါ ငိုချင်စိတ်ပင်
ပေါက်မိသည်။

မနက် လင်းချင်ပြီ…ထည်ဝါ…
မင်း မျက်နှာလေးကို မြင်ချင်လှပြီ…
အဲ့လို ပြောရင် မင်းရယ်ချင်မှာပဲနော်…
ရယ်ပါ…
မင်းရယ်ရင် ချစ်ဖို့ကောင်းတယ်…
ငါကတော့ မင်း ဘယ်လိုနေနေ ချစ်တယ်…

ထည်ဝါ စိတ်ပျက်လက်ပျက်နှင့် စာကို ဖျက်ပစ်လိုက်သည်။

"ဘယ်လိုဟာကြီးလဲကွာ…ယောကျာ်းအရင့်အမာကြီးက ဘာလို့ အဲ့လိုစိတ်ဖြစ်နေရတာလဲ…"

မကျေမနပ် မြည်တွန်တောက်တီးပြီး ကိုယ့်ကိုကိုယ်လည်း မကျေနပ်မိ။

ဘာကြောင့် မရုန်းထွက်နိုင်ရတာလဲ။
ဘာကြောင့် သူတို့ပုံသွင်းသလို နေနေရတာလဲ။

ကိုယ့်ကိုကိုယ် မှန်ထဲကြည့်ပြီး
'ငါ…ဂေးတစ်ယောက်ဖြစ်နေပြီလား'ဟု ပြန်မေးနေမိသည်။

မျှား၍မယူ...ထုဆစ်ယူသည် ( Completed )Donde viven las historias. Descúbrelo ahora