Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၂၄)
နှိုင်းတို့ရပ်နေသည့် လှေကားရောက်ဖို့
တစ်ထစ်အလိုမှာ ထည်ဝါက ရပ်ပြီး မော့ကြည့်သည်။
"ထည်ဝါ"
အံ့အားသင့်နေသော သူတို့နှစ်ယောက်ကို
ကြည့်ပြီး ထည်ဝါက ရယ်နေ၏။
"ငါ ဒီပုံစံနဲ့ လာမယ် နင်တို့ မထင်ဘူး မဟုတ်လား"
"တကယ်မထင်တာ"
ရွှေရုပ်တအံ့တသြ ပြောမိသည်။အခုချိန်ထိ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သေး။လူရော စိတ်ပါ ဘာဖြစ်သွားမှန်းမသိ။
ကတုန်ကရီနှင့်။
ထည်ဝါကို ဒီလိုပုံနှင့် တစ်ခါမှ မမြင်ဖူး။
ဒီလောက်ထိ ကြည့်ကောင်းအောင် ပြောင်းလဲသွားလိမ့်မည်ဟုလည်း မတွေးဖူး။သူ…လူချောမှန်း သိသားပဲ။သို့သော်…အခုဟာက
ချောတာထက် ဆွဲဆောင်မှုရှိတယ်ပြောလျှင်…။
အို…ရွှေရုပ် ကိုယ့်အတွေးကိုယ် ပြန်သတိထားမိတာ ရှက်သွားမိသည်။ထည်ဝါကလည်း သူ့ကိုကြည့်ကာ ပြုံးနေ၍ မျက်နှာမထားတတ်အောင် ရှက်သွေးဖြာနေမိသည်။
"Happy Birthday ပါ…မွေးနေ့ရှင်…"
"ကျေးဇူး ထည်ဝါ"
မပွင့်တပွင့် ပြန်ဖြေပြီး ထည်ဝါလက်ထဲက ပန်းစည်းလေးကို ငေးကြည့်မိသည်။ဘုရားပန်းကပ်ရန် ဝယ်လာသည့် သပြေပန်းနှင့် အနီရောင် နှင်းဆီ ပန်းစည်းထဲတွင် နှင်းဆီအဖြူတစ်ပွင့်တည်း ငွားငွားစွင့်စွင့် လှပနေ၏။ရွှေရုပ်တို့ ဝယ်သည့် အစည်းထဲမှာတော နှင်းဆီဖြူမပါ။စျေးသည်ချင်း မတူ၍နေမည်ဟု တွေးနေတုန်း ထည်ဝါက ထိုနှင်းဆီဖြူကို သူ့ရှေ့ကို ကမ်းပေး၏။
"နင့်အတွက်"
"ဟင်…ဘုရားပန်းတင်ဖို့ မဟုတ်ဘူးလား"
"နင့်အတွက် သက်သက်ဝယ်လာတာ… ကြိုက်တယ် မဟုတ်လား"
"အင်း"
ပန်းကို လှမ်းယူကာ အနေတော် ချိုးပြီးစုစည်းထားသော ဆံပင်မှာ ထိုးစိုက်လိုက်တော့ ထည်ဝါက ပြုံးပြုံးလေးကြည့်ကာ "လှတယ်"ဟု ဆိုသည်။ရွှေရုပ် စိတ်ထဲ တသိမ့်သိမ့်ကြည်နူးနေမိသည်။
STAI LEGGENDO
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Storie d'amoreငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။
