Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၃၄)
ထည်ဝါ မျက်လုံးတို့ ကျိန်းစက်ပြီး ခေါင်းတွေလည်း ကိုက်ခဲလို့နေ၏။
ဒိုက်လည်းမထိုးနိုင်။
ကြိုးလည်း မခုန်နိုင်တော့။သူ့လက်မောင်းတွေ ပြုတ်ထွက်တော့မတတ် နာကျင်နေပြီ။ လည်ချောင်းတွေနာပြီး နှုတ်ခမ်းတွေလည်း သွေ့ခြောက်နေသည်။
တစ်ညလုံးလိုလို မတ်တပ်ရပ်ထား၍ ပေါင်တွေလည်း ညောင်းတောင့်နေသည်။ညက ဆရာလာမည့်လမ်းကို မျှော်ရင်း မိုးစင်စင်လင်းသွားခဲ့ရသည်။သူ့မှာ တစ်ချက်လေးတောင် စိတ်ဖြောင့်ဖြောင့်မနားရဲ။ဆရာလာရင် အဆင်သင့်ဖြစ်နေအောင် ထိုင်လည်းမထိုင်။အဝေးလည်းမသွားရဲနှင့် ကြိုးခုန်လိုက် ရပ်လိုက် ဒိုက်ထိုးလိုက် ခဏနားလိုက်နှင့် တစ်ခုပြီးတစ်ခု ပြောင်းလုပ်ခဲ့သည်။အခုထိလည်း ဆရာမလာသေး။
အချိန်ကား ရှစ်နာရီ ကိုးနာရီလောက် ရှိလောက်ပြီ။
ဖြတ်သွားဖြတ်လာ လူတွေတောင် သူ့ကို ကွက်ကြည့် ကွက်ကြည့် လုပ်သွားကြသည်။ပထမ ရှက်သလို ရွံ့သလို ဖြစ်မိသော်လည်း လက်လျော့လိုက်၍မဖြစ်။မဟုတ်ရင် သူတစ်ညလုံးကြိုးစားပြီး စောင့်ခဲ့ရသည်က အပိုဖြစ်သွားလိမ့်မည်။
ဟုတ်တယ် ထည်ဝါ…အားတင်းထားစမ်းပါ ဆရာ လာတော့မှာပါ…
ထိုသို့ အားတင်းထားသော်လည်း သူ့ခန္ဓာကိုယ်ကတော့ မလှုပ်ချင်လောက်အောင် ပင်ပန်းလွန်းနေပြီ ဖြစ်သည်။ကြိုးလွှဲနိုင်လောက်အောင် အားတွေမရှိတော့။ထိုကြိုးကို လွှင့်ပစ်ချင်ရလောက်အောင် လက်တွေနာနေပြီ။ဒိုက်ထိုးပြန်တော့လည်း လေးခါခြောက်ခါထက် ပိုမလုပ်နိုင်တော့။ခြေထောက်တွေ လက်တွေ တဆတ်ဆတ် တုန်နေသည်။ဗိုက်ထဲလည်း ဟာပြီး ဗိုက်လည်း အောင့်သလိုဖြစ်နေ၏။ရေလည်း သောက်စရာမရှိတော့။ရေသွားဝယ်ရင်လည်း ဆရာလာသည့်အချိန်နှင့် တိုးမှာစိုး၍ ဘယဆိုဘယ်မှ မသွားရဲ။ဘဝမှာ ဒီလောက်ထိ ပင်ပန်းဆင်းရဲတာမျိုး တစ်ခါမှ မလုပ်ဖူးခဲ့။နှိုင်းကြောင့်သာ မဟုတ်ရင်…
နှိုင်းမမီ…နင်က ဂြိုလ်ဆိုးပဲ…ငါ့ဘဝကို တစ်မျိုးပြီး တစ်မျိုး နှောင့်ယှက်နေတာ…နင့်ကြောင့် ဒါတွေ အားလုံး နင့်ကြောင့်ပဲ…မုန်းတယ်…တော်ပြီ…ငါက ဘာလို့လဲ… ဘာလို့ အဲ့လို လုပ်ရမှာလဲ…မလုပ်ဘူး…မလုပ်ဘူးကွာ…တောက်…
ဒေါသထွက်ထွက်နှင့် တောက်ပြင်းပြင်းနှင့် လက်ထဲကကြိုးကို လွှင့်ပစ်လိုက်သည်။ပင်ပန်းလွန်းမက ပင်ပန်းလာသည့်အခါ
ဘာမှမဖြစ်ချင်တော့။ဖြစ်ချင်ရာ ဖြစ်တော့ တွေးကာ ကားဆီကို လျှောက်လာခဲ့သည်။သို့သော် သူ့ခြေလှမ်းတွေက တစ်လှမ်း နှစ်လှမ်းအပြင် ပိုမလှမ်းနိုင်။
"ထည်ဝါကို နင်နိုင်ရင်…ငါ့အချစ်ကို ရမယ့်အပြင် ငါ့ဆီက one night ပါရမယ်"
နားထဲ ထိုစကားက သူ့လိပ်ပြာကို ခြောက်လှန့်နေသည်။
"မင်းသာအရှုံးပေးတယ်ပြောရင်…ငါ အခု နှိုင်းကို ခေါ်သွားမယ်…ငါတို့ one night ကို…"
"အားးးးးးးးအားးးးးး…"
ထည်ဝါ နားကို ပိတ် ဒူးကိုထောက်ကာ စိတ်ထဲ ရှိသလောက် ကျုံးအော်ပစ်လိုက်သည်။ရင်တစ်ခုလုံး ကွဲအက်တော့မတတ် ခံစားရသည်။
ŞİMDİ OKUDUĞUN
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Romantizmငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။