Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၁၂)
ရုံရှေ့သို့ ကားရောက်သည်နှင့် နှိုင်းကားပေါ်မှ တဟုန်ထိုးပြေးဆင်းလာခဲ့သည်။စိုးရိမ်နေမိသည့်အတိုင်း ရွှေရုပ်နှင့် ထည်ဝါကို ရုံရှေ့တွင် မတွေ့သည့်အခါ ရင်တစ်ခုလုံး ထူပူလောင်မြိုက်သွားသည်။
ရုပ်ရှင်ရုံတံခါးတောင် ပိတ်သွားပြီ…။
ရုပ်ရှင်ရုံ ဘေးပတ်ပတ်လည် နေရာနှံ့အောင်
ပြေးရှာကြည့်လည်း မတွေ့။
သူတို့ ဒီကလွဲ၍ ဘယ်မှ ပြန်မလာလောက်ဘူး…ဒါဆို ဘာလို့မတွေ့ရတာလဲ…ပြန်သွားကြတာများလား…ပိုက်ဆံလည်း မရှိဘဲ
ဘယ်တွေလျှောက်သွားနေကြတာလဲ…
အချိန် မနည်းတော့ဘူး…
ဒီအချိန်ထိအောင် ဘယ်နေရာမှာ ဘာတွေလုပ်နေလဲ…
'ဟား'
အဖြေမရသည့် မေးခွန်းတွေပဲ များလာသည့်အခါ နှိုင်း ဆံပင်တွေကို တင်းတင်းဆုပ်ကိုင်ထားရသည်။
"နင်တို့…နင်တို့ တစ်ခုခုဖြစ်နေတာ မဟုတ်ပါဘူးနော်…"
လူသူရှင်းနေသည့် လမ်းမကြီးကို မျှော်ကြည့်ရင်း စိတ်ထဲ လေးလံနေမိသည်။
ဘဝမှာ တစ်ခါမှ ထိုသို့ဝမ်းမနည်းဖူး။
မျက်ရည်တွေလည်း အတားအဆီးမဲ့ စီးကျလာတော့သည်။
ထိုအချိန် ရုံရှေ့သို့ ကားတစ်စီးအရှိန်နှင့် ထိုးရပ်လာသည်။ ထိုကားပေါ်မှ ထည်ဝါ အစ်မလေးယောက် အပြေးအလွှားဆင်းလာသည်ကို တွေ့လိုက်ရသည်။
"နှိုင်း…ထည်ထည်တို့ ဘယ်မှာလဲ"
မမဖြူ က သူ့ကိုတွေ့သည်နှင့်
အမောတကော လာမေးသည်။
နှိုင်းဘာမှမဖြေနိုင်ဘဲ ခေါင်းကိုငုံ့ကာ မျက်ရည်ကျနေမိသည်။
"ထည်ထည်တို့ရောလို့ မေးနေတယ်လေ"
မမကြယ်စင်က ခပ်စွာစွာအသံနှင့် သူ့ပခုံးကို ဆောင့်တွန်းကာ မေးသည်။နှိုင်းဘာမှမတုံ့ပြန်ဘဲ မျက်ရည်တွေ ကျနေရင်းမှ ခေါင်းကို ခါနေမိသည်။
"နှိုင်းလည်းမသိဘူး…မမ…ထည်ဝါနဲ့ရွှေရုပ်က…ရုပ်ရှင်မကြည့်ဘဲ ပြန်သွားကြတာကြာပြီ"
"ဟင်…"
"ဟာ"
"ဒါဆို …အိမ်ပြန်ရောက်မှာလေ…အခုချိန်ထိ ပြန်မရောက်လာဘူးဆိုတော့ သူတို့က ဘယ်မှာလဲ"
ESTÁS LEYENDO
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Romanceငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။
