Unicode
#မျှား၍မယူ...ထုဆစ်ယူသည်
#အပိုင်း(၁)ကျွန်တော်ကိုမွေးတော့ အဖိုးနဲ့အဖေက တစ်ယောက်ကိုတစ်ယောက်ဝမ်းသာအားရသိုင်းဖက်ပြီး မျက်ရည်ကျခဲ့ကြတယ် တဲ့။
ကျွန်တော်ဟာ သူတို့ကိုနှစ်ပေါင်းများစွာကြီးစိုးထားတဲ့ အမှောင်ကို ဖယ်ရှားပေးမဲ့
အလင်းရောင်လို့ ယုံကြည်ကြသည်။ကျွန်တော်ကိုအားကိုးကြသည်။အများကြီးလည်း မျှော်လင့်ထားကြသည်။
သူတို့ဘဝထဲ နေတစ်စင်းလို ထည်ထည်ဝါဝါ
အမှောင်ခွင်းပေးနိုင်အောင် အဖိုးက
ကျွန်တော့်ကို "နေထည်ဝါ"လို့ နာမည်ပေးခဲ့ကြသည်။ငယ်ငယ်ကတော့
သူတို့တွေ ဘာတွေ အမှောင်ဖုံးနေကြလဲ ။
ဘာကြောင့် အဲ့လောက်အားကိုးကြလဲ ကျွန်တော်မသိ။အရွယ်ရောက်လာတော့ တဖြည်းဖြည်း ကျွန်တော်နားလည်လာရသည်။အဖိုးနဲ့အဖေကို ဖုံးလွှမ်းနေတဲ့ အမှောင်ဆိုတာ...
**********
မျက်လုံးမဖွင့်သော်လည်း နှာခေါင်းထဲ မွှေးရနံ့ပေါင်းစုံ ရနေကတည်းက ကျွန်တော့်အနားမှာ ဘယ်သူတွေရှိနေလဲ ကြိုသိနေ၏။ဒီလိုမွှေးရနံ့တွေကို တစ်ရက်တည်းရှုရှိုက်ရတာမဟုတ်။နေ့စဉ်ရက်ဆက် ရနေသည့်ရနံ့မို့ စိတ်ထဲက ကွဲကွဲပြားပြား ခွဲခြားသိနေ၏။
ထိုမွှေးရနံ့များကတော့ မိန်းကလေးကိုယ်သင်းအနံ့ မိတ်ကပ်အနံ့၊ ခေါင်းလျှော်ရည်အနံ့၊ ခေါင်းလိမ်းဆီအနံ့၊ lotion အနံ့၊ ပေါင်ဒါအနံ့...စသဖြင့် စသဖြင့် အနံ့တွေပင်။
ကျွန်တော် မျက်လုံးဖွင့်လိုက်ပြီ ဆိုရင်ပဲ ထိုအနံ့ပေါင်းစုံလိမ်းထားသည့် အရွယ်စုံ ဆိုက်စုံအမျိုးသမီးတစ်စုကိုတန်းတွေ့လိုက်ရ၏။
"ဟယ်...ထည်ဝါလေး နိုးပြီ...ဖွားမြေးလေး
ဖွားချစ်ဆုံးလေး အိပ်ရေး ဝရဲ့လား မြေးလေး"ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်နှင့် ဖွားက ကောက်မချီရုံတမယ်လက်ကဆွဲပြီး ကိုယ်ကို ဆွဲပွေ့၏။နောက် ကျွန်တော့်ပါးကို တရွတ်ရွတ်နမ်း၏။
"အမယ်လေးချစ်လိုက်တာ...ငါ့မြေး လူချောလူသန့်လေးကအိပ်ရာကနိုးတဲ့ပုံလေးက
အစချစ်ဖို့ကောင်းလိုက်တာ...ချစ်စရာလေး
ချစ်စရာလေး"
![](https://img.wattpad.com/cover/351959342-288-k302476.jpg)
ESTÁS LEYENDO
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Romanceငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။