Part 16 ( U & Z )

977 21 0
                                        

Unicode

#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၁၆)

"ဘယ်ထဲက ပြပေးရမလဲ…အစ်မ…ဒီထဲကဆို ကာလာသုံးရောင်ရှိတယ်…size လည်းရှိတယ်…ပြပေးရမလား…"

အရောင်းဝန်ထမ်းလေးက နှိုင်းကိုင်ထား
သည့် ဘောင်းဘီနှင့် ပတ်သတ်ပြီးရှင်းပြသည်။ နှိုင်း အလိုက်သင့်ပြုံးပြပြီး လက်ကာပြလိုက်သည်။ဆိုင်ဝန်ထမ်းလေးက ခေါင်းအသာညိတ်ပြပြီး ရပ်ကြည့်နေသော်လည်း မျက်နှာကတော့ သုန်မှုံနေ၏။

ဆိုင်ထဲဝင်လာပြီး ဟိုကြည့် ဒီကြည့် ဝေ့လည်လည်လုပ်နေသည့် နှိုင်းကို သူ အထင်လွဲကောင်း လွဲနေလိမ့်မည်။
သို့သော် နှိုင်း ဒါတွေကို ဂရုမစိုက်နိုင်။နှိုင်း စိတ်ဝင်စားနေသည်မှာအဝတ်အစားကို မဟုတ်။ခပ်လှမ်းလှမ်းတွင် အင်္ကျီရွေးနေသည့်ယောကျာ်းလေးကိုပဲ စိတ်ဝင်တစားကြည့်နေမိသည်။

ကြည့်နေရင်းမှ ထိုတစ်ယောက်က နှိုင်းရှိရာဘက်ကို လှည့်ကြည့်၍ နှိုင်း ချက်ချင်း ကျောပေးရပ်လိုက်ရသည်။ နှိုင်းကို မြင်သွားလည်း သူသိမည်မဟုတ်ပါဘူး။နှိုင်းကသာ သူ့ကို သေချာသိတာ။

"ဒီအင်္ကျီနဲ့ ဘောင်းဘီကိုပဲ ဆင်တူ နောက်တစ်စုံ ထပ်ယူချင်တယ်…"

သူက သူရွေးထားသော အင်္ကျီနှင့်ဘောင်းဘီကို ပြပြီး ဝန်ထမ်းကောင်မလေးကို ပြောသည်။ ငွေရှင်းနေသည့် အချိန်တွင်လည်း သူ့မျက်နှာသည်အပြုံးများနှင့်ဝေဆာနေသည်။ခဏအကြာတွင် သူ့ဆီသို့ ဖုန်းဝင်လာသည်။

နှိုင်း တွေ့သည့် အင်္ကျီတစ်ထည်ကို ကောက်ဆွဲပြီးသူရှိသည့် ငွေရှင်းကောင်တာနားသို့ ရောက်လာခဲ့သည်။ နှိုင်းက အလာ…
သူက ငွေရှင်းပြီး အထွက်ဆိုသော်လည်း သူ့အသံကိုတော့ အတော်ဝေးသည်အထိ ကြားနေရသည်။

"သူ့အတွက် အင်္ကျီလာဝယ်တာ…အခု ပြန်လာနေပြီ …
သားအပြင်ထွက်တာ သူ့ကိုမပြောနဲ့နော်…မေမေ…
အင်း အင်း ခဏနေရင် ရောက်မယ်"

ဖုန်းပြောရင်း တရွေ့ရွေ့ထွက်သွားသည့် သူ့ကို လိုက်ကြည့်ရင်း နှိုင်း နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။

မျှား၍မယူ...ထုဆစ်ယူသည် ( Completed )Where stories live. Discover now