Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၄၀)
#တစ်နှစ်ကျော် ကြာသော်……
"ဒါလေး နှိုင်းကို ပေးပေးပါ"
ကျော်မင်းခိုင် သူ့ရှေ့သို့တိုးပေးလာသည့် စားပွဲပေါ်ကဖိတ်စာကိုတစ်လှည့် ဖိတ်စာပေးသော ရွှေရုပ်ကို တစ်လှည့် နားမလည်စွာ ကြည့်နေမိသည်။
"ဘာလို့ ငါ့ကိုပေးခိုင်းတာလဲ…နှိုင်းမမီ ဘယ်မှာရှိလဲ ငါမှ မသိတာ…"
"ငါသိပါတယ်…
ငါတို့လည်း ကြံရမရလို့ စိတ်ထင်ရာ
လျှောက်လုပ်ကြည့်တာ"
"ဘာကိုလဲ"
"ဒီလိုလေ…နှိုင်းသာ တကယ်ပျောက်ရိုးမှန်ရင်…သူ့အမေနဲ့ သူ့အဒေါ်က လူပျောက်ရှာမှာပဲ…နင့်ကိုလည်း သံသယအရှိဆုံးလူအဖြစ် စစ်မေးမှာပဲ…အဲ့ဒါကို အခုထိ ရှာလည်းမရှာ မေးလည်းမမေးဆိုတော့…သေချာပါတယ် နှိုင်းဘယ်မှာရှိလဲ ငါနဲ့ထည်ဝါပဲ မသိတာ…နင်အပါအဝင်ကျန်တဲ့သူတွေ သိတယ်လို့ ငါထင်တယ်…"
ရွှေရုပ်က ထိုသို့ပြောပြီး သူ့ကို တရားခံဖမ်းသည့် အကြည့်နှင့် စိုက်ကြည့်၏။
"ဒါကြောင့် သူ့အမေ့ကိုရော သူ့အန်တီလေးကိုပါ ဖိတ်စာပို့ထားတယ်…နင့်ကိုလည်း တစ်စောင် ပေးမယ်…နှိုင်းဘယ်မှာရှိလဲ သိရင် ပေးဖြစ်အောင် ပေးပေးပါ"
ကျော်မင်းခိုင် ငြိမ်ငြိမ်လေး နားထောင်နေပြီး ရွှေရုပ်စိတ်ကို အကဲခတ်နေမိသည်။ရွှေရုပ်က သူ့ကို စိတ်ဆိုးနေသည်လား။နှိုင်းကို စိတ်ဆိုးနေသည်လား သူလည်းမသဲကွဲ။မျက်နှာကတော့ ခပ်တင်းတင်း ဖြစ်နေ၏။ဘာပဲဖြစ်ဖြစ် နှိုင်းနှင့် ပတ်သတ်ပြီးသူ့ကို လာရှာသည်ကိုတော့ သူ သဘောကျနေမိသည်။
"နှိုင်းပြန်လာရင်ရော နင်တို့ အရင်လို ပြန်ဖြစ်မှာ မို့လို့လား…အခု မတွေ့ရတာ ဘယ်လောက်ကြာပြီလဲ"
"အချိန်နဲ့မဆိုင်ပါဘူး…အချိန်တွေဘယ်လောက်ကြာကြာ ငါတို့သူငယ်ချင်းဆိုတဲ့အရာက ပြောင်းလဲသွားမှာမဟုတ်ဘူး…အေး အဲ့ဒီအချိန်တွင်းမှာ သူ ငါတို့စိတ်ကို စမ်းသပ်တာဆိုရင်လည်း လုံလောက်ပြီ…
သူ့ဘဝယိုင်နဲ့ခဲ့ရတယ်ဆိုလည်း ပြန်တည်ဆောက်ဖို့ အချိန်တစ်ခုရှိခဲ့ပြီလို့ ငါထင်တယ်လုံးဝအဆက်အသွယ်ဖြတ်ပြီး သူစိမ်းတွေလိုနေတာတော့ အဓိပ္ပာယ်မရှိဘူး…
ဒီအချိန်မှာတော့ ငါတို့ပြန်ဆုံသင့်ပြီလို့ထင်တယ်…သူ ဘာဖြစ်ဖြစ် ငါတို့လက်ခံနိုင်တယ်…နောက်ဆုံး နင်နဲ့ဆိုရင်တောင်…"
ရွှေရုပ်က ပြောနေရင်းမှ သူ့ကို နာနာကြဉ်းကြဉ်း စိုက်ကြည့်သည်။ပြီးမှ "လက်ခံမှာပါ" ဆိုသည့်စကားကို လေးလေးဆက်ပြောသည်။
"ဒါဆို ငါနဲ့ နှိုင်းကို သဘောတူတယ်ဆိုတဲ့ သဘောပေါ့…ဟဟ…"
ကျော်မင်းခိုင် သဘောကျစွာ ရယ်နေသော်လည်း ရွှေရုပ်က လိုက်မရယ်ဘဲ ခပ်တည်တည်ကြည့်နေ၏။ပြီးမှ…
"ငါ…သွားတော့မယ်"
ခပ်ပြတ်ပြတ်ပြောပြီး အိတ်ကိုကောက်လွယ်ကာ ထတော့ ကျော်မင်းခိုင် ခေါင်းညိတ်ပြပြီး သူ့ကို လိုက်ကြည့်နေမိသည်။ရွှေရုပ်က ထပြန်ရန် လုပ်ပြီးမှ တစ်ခုခုကို သတိရဟန်ဖြင့် ပြန်လှည့်ကြည့်သည်။
"နှိုင်းကိုသေချာပြောပေးပါ…
ဒီမင်္ဂလာဆောင်ကိုမှ မလာရင် ပြန်ဆုံဖို့ နောက်ဘယ်တော့မှ မမျှော်တော့ဘူးလို့"
ကျော်မင်းခိုင် ယောင်ယမ်းခေါင်းညိတ်မိသည်။ရွှေရုပ်က သူ့ကို ကြည့်ကာ မဲ့ပြုံးပြုံးပြီး လှည့်ထွက်သွားသည်။
STAI LEGGENDO
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Storie d'amoreငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။
