Unicode
#မျှား၍မယူ…ထုဆစ်ယူသည်
#အပိုင်း(၂၃)
ကားကိုဒုန်းစိုင်းမောင်းလာရင်း သီဟစိတ်တွေ ဖမ်းဆုပ်မရအောင် ယောက်ယတ်ခတ်နေသည်။သိပ်မကြာခင်က မာမီမျိုးဆီက ဖုန်းဆက်လာသည်။
"နင့်သူငယ်ပုံစံ ဘယ်လိုဖြစ်နေပြီလဲ သိချင်ရင် အခု လာကြည့်"ဟု ပြောလာသည်။
ဘာဖြစ်လို့လဲဟု ထပ်မေးတော့ ဘာမှမပြောဘဲ ဖုန်းကို ဂွက်ခနဲချသွားသည်။ဖုန်းထပ်ဆက်တော့လည်း မကိုင်။စိတ်ထဲကသိကအောင့်နှင့်နေရခက်လှသည်။ဘာများ ဖြစ်နေလို့ပါလိမ့်။
ဒီနေ့မှ ထူးထူးခြားခြား သင်တန်းကို လာပြီး ဘာလာလုပ်တာလဲ။မနေ့က ကိစ္စကြောင့် အရွဲ့တိုက်ပြီး လာတာများလား။ဒါမှမဟုတ် မာမီမျိုးက သူ့စိတ်ကို သိနေ၍ စနေတာများလား။
အတွေးများစွာနှင့်ပဲ သင်တန်းရှေ့သို့ရောက်လာခဲ့သည်။ပါကင်ကိုလည်း မထိုးတော့ဘဲ သင်တန်းရှေ့မှာပဲ ရပ်ထားခဲ့သည်။သော့ကိုဆွဲဖြုတ်ပြီး ကသောကမျော ဆိုင်ထဲသို့ ဝင်လာခဲ့သည်။
"ဟား ဟား တကယ်လာတယ် ကြည့်စမ်း"
အမောတကောလာသောသူ့ကိုကြည့်ပြီး မာမီမျိုးက လက်ညှိုးထိုးအော်ရယ်နေ၏။
"ဘာလဲ…နောက်တာလား…ထည်ဝါ ဘယ်မှာလဲ…သူရှိတယ်မဟုတ်လား"
"မသိဘူးလေ…သူရှိမရှိ ဆိုင်ရှေ့မှာ ကားရပ်ထားတာ မတွေ့ခဲ့ဘူးလား"
သီဟ ခေါင်းကိုဖြည်းဖြည်းခါမိသည်။စိတ်လောနေ၍ ဘာဆိုဘာမှမကြည့်ဘဲ ပြေးဝင်လာခဲ့ခြင်းပင်။
"ဟား ဟား သနားပါတယ် ငသီရယ်…ငါ နင့်ကို တကယ်သနားတယ် သိလား"
"ဟာ နောက်တာလား…မာမီ အဲ့လိုတော့ မနောက်သင့်ပါဘူးဗျာ
ကျွန်တော် တကယ့်ကို အလောတကြီးလာခဲ့ရတာ…သူ့ကိုစိတ်ပူလို့…စိတ်ကို မနည်းငြိမ်အောင် ထိန်းထားခဲ့ရတာ"
"ဟားဟား နင့်နှယ်လေ…ငါ စိတ်ညစ်ပါတယ်"
"မညစ်နဲ့ဗျာ…ထည်ဝါ ဘယ်မှာလဲ အခုပြော…ပြော"
"ဟိုမှာလေ…မာမီနဲ့ စကားပြောနေတယ် မတွေ့ဘူးလား…တကယ်ပဲ"
သီဟလှမ်းကြည့်တော့ မာမီကြီး စကားပြောနေသည်ကိုတွေ့လိုက်ရသည်။ဒါဆို မာမီကြီးရှေ့မှာ ထိုင်နေသည့်သူက သူပေါ့။
YOU ARE READING
မျှား၍မယူ...ထုဆစ်ယူသည် ( Completed )
Romanceငါဆိုတာ ဓူဝံကြယ်လို နေရာမှတ်ရ သိပ်လွယ်တဲ့သူပါ။ ငါဘယ်မှာလဲ ရှာစရာမလိုပါဘူးဟာ။ ငါဟာနင်တို့ရှိတဲ့နေရာမှာပဲ ရှိမှာပါ။
