1 - 5

1.1K 31 0
                                    

အပိုင်း (၁) မမြင်နိုင်သည့် အပိုင်းအစများ
*အခြားသူတွေမမြင်နိုင်သော အပိုင်းအစများ*
“ရှောင်ကျန်း အဆိပ်တွေထဲပြေးဝင်သွားပြီ! မင်းအဲ့မှာ ဘာတွေကြောင်နေသေးတာလဲ။”
“ငါ ဇုန်ထဲ သွားနေတယ်။ ကျန်းစစ်မင်၊ မင်းလိုင်းမပြတ်ဘူးမလား၊ ပြတ်သွားတာလား။ မင်းဘာလို့ အဆိပ်ထဲပြေးနေတာလဲ။”
“ဒီပွဲမှာ ဖိအားပေးခံနေရတဲ့ သူ့ကို စိုးရိမ်မနေနဲ့တော့။ ငါ မစ္စတာဝမ်ကို အဆိပ်ထဲကနေအရင်ထုတ်ပေးလိုက်ဦးမယ်။ မစ္စတာဝမ်၊ ကျွန်တော့်အနောက်မှာပဲနေ။ ကျွန်တော် ခင်များအတွက် ကျည်ကာပေးမယ်!”
…………
အပေါစားနားကြပ်မှ ထွက်လာသည့်စကားသံများကို နားထောင်နေရင်း အင်တာနက်ကဖေးတွင် ထိုင်နေသော ကျန်းစစ်မင်သည် သူ့ကွန်ပျူတာမျက်နှာပြင်ကို ဗလာသက်သက်ငေးကြည့်နေမိသည်။
ကျန်းစစ်မင်က တက္ကသိုလ်မှဘွဲ့ရထားသည်မှာ သုံးနှစ်ရှိပြီဖြစ်ပြီး နှယ်နှယ်ရရမဟုတ်သော အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီတွင် အရောင်းကိုယ်စားလှယ်အဖြစ် လုပ်ကိုင်၏။
ယနေ့တွင် အဖွဲ့မန်နေဂျာဝမ်ရယ်၊ လုပ်ဖော်ကိုင်ဖက်နှစ်ယောက်ရယ်နှင့်အတူ ဂိမ်းဆော့ဖြစ်ခဲ့ကြသည်။
အခြားသော လုပ်ဖော်ကိုင်ဖက်နှစ်ယောက်နှင့် နှိုင်းယှဉ်ရလျှင် ကျန်းစစ်မင်၏ လက်ရည်မှာ ကောင်းလှသည်။
သူက ကျည်ဆံတွေသယ်ပေးသည့် ဆေးတပ်သားလေးအဖြစ် လုပ်ဆောင်လေသည်။
တကယ်တော့ သူ့ကျွမ်းကျင်မှုတွေက အကောင်းကြီးတော့မဟုတ်။
သူက မြှောက်ပင့်တာတွေကို မလုပ်တတ်တာကြောင့် ဂိမ်းထဲတွင် သူ့ရဲ့ တည်ရှိမှုမှာ အလွန်အမင်းနိမ့်ကျနေသည်မှာ လျစ်လျူရှုထားလို့ရလောက်အောင်ပင်ဖြစ်သည်။
ဤအချိန်တွင် ကျန်းစစ်မင်၏ ကွန်ပျူတာမျက်နှာပြင်က မအက်ကွဲသွားခဲ့ပဲ ဂိမ်းလည်းမကျသွားခဲ့ပေ။
ဤသည်မှာ ကျန်းစစ်မင်၏ မျက်လုံးများထဲတွင်သာဖြစ်နေခြင်းဖြစ်သည်။
သူ့ဂိမ်းထဲတွင် တစ်ခုခုက ခြားနားနေလေသည်။
သူအဆိပ်ထဲကို ပြေးဝင်သွားချိန်တွင် ကျန်းစစ်မင်က သူ Pမြို့ကို ဖြတ်သန်းလာခဲ့ပြီး အထဲတွင် အဖြူရောင်အလင်းပျောက်လေးကို ရှာတွေ့လိုက်ကြောင်း တွေ့လိုက်ရသည်။
အစက၊ သူထင်ခဲ့တာက သူမှားမြင်မိတာ သို့မဟုတ် ကွန်ပျူတာမျက်နှာပြင်က မှုန်နေတာကြောင့်ဟုဖြစ်သည်။ သို့သော် သူထပ်ခါထပ်ခါ အတည်ပြုကြည့်လိုက်ချိန်တွင် ကျန်းစစ်မင်မှာ ၎င်းကို ရှင်းရှင်း လင်းလင်းမြင်လိုက်ရလေသည်။
“သားကြီးရေ၊ မင်း အဲ့မှာ အလင်းရောင်လေးရှိနေတယ်လို့ ထင်လား။”
ကျန်းစစ်မင်က ကွန်ပျူတာကိုလည်းညွှန်ပြလိုက်ပြီး သူ့ဘေးက ကြက်သားစားနေသည့်လူကိုမေးလိုက်လေသည်။
သို့သော်လည်း တစ်ဖက်လူမှာ ခေါင်းခါကာ ပြောလာလေသည်။
“မမြင်ပါဘူး။ ဘာအလင်းလဲ။”
“အဖြူရောင်အလင်းလေ။ မမြင်ရဘူးလား။ အရမ်းတောက်ပနေတာကို။”
ကျန်းစစ်မင်က မကောင်းဆိုးဝါးတွေကို အယုံအကြည်မရှိပေ။
တကယ်ပဲ သူ့မျက်လုံးကတစ်ခုခုမှားနေတာများလား။ အတွင်းတိမ်လား။
သူ့မျက်လုံးတွေကိုကုသဖို့ SharpEss*ကို သုံးရတော့မှာလား။
(ဘာသာပြန်သူမှတ်ချက် * က ကိုယ့်အထင်တော့ အတွင်းတိမ်ကိုကုသတဲ့ကိရိယာတစ်ခု ဒါမှမဟုတ် ကုသမှုနည်းလမ်းတစ်မျိုးဖြစ်လိမ့်မယ်ရယ်။)
“ဘယ်လိုလုပ် အလင်းရောင်ရှိနေမှာလဲ။ ငါတော့ မင်းညစ်ပြီး အဆိပ်ထဲဝင်ပြေးသွားတယ်လို့ပဲထင်တယ်။ သားကြီး၊ မင်း အဆိပ်မိပြီးသေတော့မယ်နော်။”
သူ့ဘေးရှိ သူငယ်ချင်းက သူ့ကို ဖော်ဖော်ရွေရွေနှင့်သတိပေးလိုက်ပြီး ထပ်ငြင်းလိုက်ပြန်သည်။
ကျန်းစစ်မင်မှာ အံ့ဩထိတ်လန့်သွားရ၏။
သူအမှားမလုပ်မိဘူးဆိုတာကို အတည်ပြုဖို့ သူက ဦးတည်ရာကိုပြောင်းလိုက်ပြီး ခေါင်းလှည့်ကာ Pမြို့ထဲသို့ လျှောက်ဝင်သွားလိုက်သည်။
သူ ထိုအလင်းစက်လေးရဲ့ တည်နေရာကို အလျင်အမြန်တွက်ချက်လိုက်သည်။ အလင်းစက်လေးမှာ သုံးထပ်တိုက်ထဲတွင်ဖြစ်၏။
အဆိပ်ဇုန်ရဲ့ တတိယလှိုင်းက စပြီးနေပြီဖြစ်သည်။
မြို့ထဲတွင် မည်သည့်တစ္ဆေမှမရှိတော့ပဲ အဆိပ်ဇုန်က လုံးဝဖုံးလွှမ်းလိုက်ပြီဖြစ်သည်။ ကျန်းစစ်မင်က မြို့ထဲက တခြားကစားသမားရန်သူတွေကို စိုးရိမ်နေစရာမလိုတော့သောကြောင့် သူက တောက်ပသည့် အလင်းစက်ရှိသည့် သုံးထပ်လူနေအဆောက်အဦးထဲသို့ အပြေးအလွှားဝင်သွားလိုက်လေသည်။
သုံးထပ်မြောက်၏ခေါင်မိုးထပ်သို့အရောက်တွင် ကျန်းစစ်မင်တစ်ယောက် ကြက်သေ သေသွားရလေသည်။
အဖြူရောင်မှတ်စုစာအုပ်နှင့်တူသည့် အပိုင်းအစလေးတစ်ခုမှာ ထောင့်နားတွင် တိတ်တဆိတ် ပေါလောပေါ်နေခဲ့ပြီး စာရွက်ပိုင်းလေးမှာ အလွန်သိသာလှစွာ အဖြူရောင်တောက်ပနေဆဲဖြစ်သည်။
သို့သော် ၎င်းမှာ PUBG ဂိမ်းထဲမှ ပစ္စည်းလုံးဝမဟုတ်ပေ။
“အာ အာ၊ကြည့်ဦး၊ သားကြီးရေ! ဒါက ဂိမ်းထဲက အိုင်တမ်အသစ်လား။”
ကျန်းစစ်မင်က ဆဲရေးလိုက်ပြီး သူ့ဘေးရှိ သူငယ်ချင်းဖြစ်သူမှာ စိတ်မရှည်လက်မရှည်နှင့် ရောက်လာရပြန်ကာ ၎င်းကို ဂရုတစိုက်နှင့် တစ်ချက်ကြည့်လိုက်ပြီး မှင်တက်သွားရလေသည်။
“ဘယ်မှာလဲ အပိုင်းအစက။ ဒီအခန်းထဲမှာ ဘာမှရှိမနေပါဘူး။ လာနောက်နေတာလား။”
“ဒီလောက်ကြီးပြီး ဒီလောက်တောက်ပနေတဲ့ ပစ္စည်းကို မင်းမမြင်ရဘူးလား။ ဒီမှာလေ!”
ကျန်းစစ်မင်က ကွန်ပျူတာမျက်နှာပြင်ပေါ်ရှိ ကြည့်ကောင်းသော အဖြူရောင်မှတ်စုစာအုပ်ပစ္စည်းလေးကို ညွှန်ပြလိုက်လေသည်။
“ချီးပစ္စည်း၊ မင်းနေမကောင်းဘူးထင်တယ်!”
ထိုလူက ကျန်းစစ်မင်ကို လျစ်လျူရှုပြီး အရူးတစ်ယောက်လိုသာဆက်ဆံလိုက်လေသည်။
“ဘာလို့လဲ။ သူက ဘယ်လိုလုပ်မမြင်ရတာလဲ။”
ကျန်းစစ်မင်က မယုံကြည်နိုင်စွာပြောလိုက်သည်။
ဒီပစ္စည်းကို သူတစ်ယောက်တည်းပဲ မြင်နိုင်တာ ဖြစ်လောက်မလား။
သိချင်စိတ်ပြင်းပြစွာနှင့် ကျန်းစစ်မင်သည် ဒီပစ္စည်းလေးကဘာများဖြစ်မလဲ ဆိုတာကို တစ်ချက်အရင်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ထိုနေရာသို့သွားလိုက်ပြီး ကောက်ယူမည့်ခလုတ်ကိုနိုပ်လိုက်လေသည်။
ထို့နောက် သူ့စိတ်ထဲတွင် ‘တင်း-တောင်’ ဟူသောအသံကိုကြားလိုက်ရတော့၏။
“‘kar98 ကျွမ်းကျင်မှု’ ပစ္စည်းကို ကောက်ယူသည်။ [1/1] ပစ္စည်းအရေအတွက် ပြည့်သွားပါပြီ။ တိုက်ရိုက်အသုံးပြုနိုင်သည်။”
“သုံးမယ်!”
အံဩထိတ်လန့်နေသည်ကို ဖယ်လိုက်လျှင် ကျန်းစစ်မင်သည် တစ်ခုခုလွဲမှားနေပြီဖြစ်ကြောင်း ဝိုးတဝါးသိနှင့်ပြီးဖြစ်သည်။
ကျန်းစစ်မင်က အသုံးပြုဖို့ ရွေးချယ်လိုက်သည့်အခိုက်တွင် သူ့စိတ်မှာ ရုတ်တရတ် ရောင်ဝါတစ်ခုနှင့် လွှင့်မြောနေပုံရနေလေသည်။
နောက်တော့ ကျန်းစစ်မင်မှာ သူ့ဦးနှောက်ထဲတွင် ဤဂိမ်း၏ စနိုက်ပါရိုင်ဖယ်နှင့်ပတ်သတ်သည့် အချက်အလက်များဖြစ်သည့် မှန်ပြောင်းဖွင့်ခြင်း၊ အဆင့်မြင့်မြင့်ပစ်ခတ်ခြင်း၊ ပစ်မှတ်ရွှေ့ခြင်း၊ သေနတ်ကို မြှင့်ခြင်း၊ အစရှိသော အချက်အလက်များကဲ့သို့ kar98*ကို အသုံးပြုနည်းအမြောက်အများရှိနေကြောင်း ရှာတွေ့သွားရပြီး ထိတ်လန့်သွားတော့သည်။
ထို့နောက် သူက Kar98ကို သူ့နောက်ကျောတွင် လွယ်ထားခဲ့လေသည်။
(ဘာသာပြန်သူမှတ်ချက်။   ။ kar98* ဆိုသည်မှာ PUBG ဂိမ်းထဲမှ အများဆုံးတွေ့ရသော စနိုက်ပါတစ်လက်ဖြစ်သည်။)
သူက သစ်ပင်တစ်ပင်နောက်တွင် ပုန်းကာ စမ်းသပ်ကြည့်ချင်နေသော်လည်း ဝမ်ကျွင်းတို့တစ်သိုက်မှာ စိတ်မရှည်စွာ တိုက်တွန်းနေပြီဖြစ်သည်။
“မင်းဘာဖြစ်နေတာလဲ၊ ရှောင်ကျန်း။ အသံလေးတစ်ခုပဲမဟုတ်ဘူးလား။ အဆိပ်ဇုန်ထဲက မြန်မြန်ထွက်လာပြီး ငါ့ကို ဆေးအိတ်လာပေးစမ်းပါ!”
မန်နေဂျာက သူ့ကို ရိုင်းရိုင်းစိုင်းစိုင်းပြောနေသည်ကို ကြားသောအခါ ကျန်းစစ်မင်မှာ မအော်ဆဲမိအောင် သည်းခံလိုက်ရင်း နာခံဖို့သာရွေးချယ်လိုက်လေသည်။
သူသည် တိုင်းပြည်၏ စာပေပညာကို သင်ကြားပြသူပေးသော မူကြိုကျောင်းမှ မိန်းကလေးတိုင်းရဲ့ စွဲမက်ခြင်းကိုခံရသည့် မူကြိုကျောင်းသားလေးတစ်ယောက် မဟုတ် တော့ပေ။
လုပ်ငန်းခွင်၏ အကြင်နာတရားခေါင်းပါးခြင်းက သူ့စိတ်ကူးများနှင့် တခြားစီဖြစ်သည်။
သူပြန်ပြောချင်နေသေးသော်လည်း ကျန်းစစ်မင်က သူဌေးနှင့် ထိုက်တိုက်တွေ့ခြင်းနှင့်ပတ်သက်၍ ပြီးခဲ့သည်ကိစ္စများတွင် အများကြီး ခံစားခဲ့ရပြီးပြီဖြစ်သည်။
မဟုတ်လျှင် ဂုဏ်သတင်းကြီးမားသည့် တက္ကသိုလ်များမှ ဘွဲ့ရထားသောကျောင်းသားများကို အရောင်းကိုယ်စားလှယ်လေးတစ်ယောက်အနေနှင့် ရောနှောထားလိမ့်မည်မဟုတ်ပေ။
အင်တင်တင်နှင့် ကုသရာနေရာသို့ပြေးထွက်သွားလိုက်ပြီး ကျန်းစစ်မင်တစ်ယောက် ယခင်က သူကောက်ထားခဲ့သမျှ ဆေးများအားလုံး လက်လွှဲပေးဖို့ လုပ်ဖော် ကိုင်ဖက်နှစ်ယောက်၏ အတင်းအကျပ်ခိုင်းခြင်းကို ခံလိုက်ရလေသည်။
“မင်းဆေးတွေသယ်ထားတာက အသုံးမဝင်ဘူး၊ ရှောင်ကျန်း။ မင်းက ဒီအတိုင်း မင်းဘေးက သေနတ်ကိုပဲ ကိုင်ထားလိုက်။ ငါတို့ထဲက တစ်ယောက်ယောက်သေသွားရင် မင်းအမြန်ပစ်လို့ရတယ်။ နားလည်လား။”
ဝမ်ကျွင်းက အမိန့်ပေးတဲ့အသံနှင့်ပြောလိုက်လေသည်။
“အိုး”
ကျန်းစစ်မင်က သမန်ကာလျှံကာပဲသဘောတူပြီး ကိုယ်ယောင်ဖျောက်သွားလိုက်သည်။
သူတို့ကို ဆေးတွေအားလုံးပေးခဲ့လိုက်ပြီး ကျန်းစစ်မင်ကိုယ်တိုင်မှာတော့ သွေးတစ်ဝက်သာကျန်တော့လေသည်။
ဒါပေမယ့် Kar98ကိုတော့ သူတို့မလိုချင်ကြတာကြောင့်မဟုတ်ပဲ သူတို့အားလုံးမှာ ရှိပြီးသားဖြစ်တာကြောင့် လွှဲမပေးလိုက်ရပေ။
ထို့ကြောင့် ကျန်းစစ်မင်တွင် ကံကောင်းစွာနှင့် လက်လွှဲပေးစရာမလိုခဲ့သည့် စနိုက်ပါရိုင်ဖယ်တစ်လက်ရှိနေခဲ့လေသည်။
သူ mini 14* ကို မကောက်ရသေးခင်တွင် သူတို့က ထိုအရာကို ပစ်ထုတ်လိုက်ကြလိမ့်မည်ဖြစ်သည်။
(ဘာသာပြန်သူမှတ်ချက်။    ။ min 14* သည် PUBG ဂိမ်းထဲရှိ Loading မြန်သော စနိုက်ပါတစ်လက်ဖြစ်သည်။)
သူ့ရဲ့ kar98မှာ မှန်ဘီးလူးဟူ၍ red dot* ပြောင်းလေးတစ်ခုသာ ရှိနေသည်ကတော့ နှမြောစရာပင်ဖြစ်သည်။
(ဘာသာပြန်သူမှတ်ချက်။    ။red dot* ဆိုသည်မှာ တာတိုအကွားအဝေးသာ ချိန်၍ရသောမှန်ဘီးလူး အသေးစားလေး ဖြစ်သည်။)
ပြောင်းလဲမှုမဖြစ်ခင်က ကျန်းစစ်မင်သည် kar98ကို မင်္ဂလာဂုဏ်ပြုပစ္စည်းလိုအသုံးပြုပြီး အသံနားထောင်ရုံသာ နားထောင်ကာ လူတွေကို မပစ်ခဲ့ပေ။ သို့သော်ယခုတော့ ကျန်းစစ်မင်မှာ red dotလေးနှင့်တောင် ယုံကြည်ချက်ရှိနေခဲ့ပြီး သူ လူတွေကို သတ်နိုင်လေသည်!
“ကျွန်တော် လူတွေကို မြင်ရတယ်! အရှေ့တောင်ဘက်မှာ၊ ကျွန်တော်အရှေ့ကသွားမယ်!”
လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ကျုံးချန်က အော်ပြောလိုက်၏။
“သူတို့ကိုတားထားလိုက်၊ မစ္စတာဝမ်။ ခင်များရဲ့ လက်စွမ်းက အကောင်းဆုံးပဲ။ ကျွန်တော်ရှေ့တက်သွားပြီး သူတို့ရဲ့ ပစ်အားကို တိုက်ခိုက်ဖို့ ပစ်တဲ့အခါကျ ခင်များက အားလုံးကို ရှင်းပစ်လိုက်။”
နောက်ထပ်လုပ်ဖော်ကိုင်ဖက် ယွမ်ပင် ကလည်း စတင် မြှောက်ပင့်ပြန်လေသည်။
ကျန်းစစ်မင်မှာ သူ့နှလုံးသားထဲ၌ မှင်တက်နေမိသည်။
သူတို့ဘယ်လိုများအဲ့လောက်ထိ မြှောက်ပင့်နိုင်နေတာလဲဆိုတာကို သူနားမလည်နိုင်ပါချေ။
သူ့အနားကို မကပ်လာနိုင်လိုက်သည့်သူမှာ သူတို့၏ပစ်ထုတ်ချင်းကို ခံလိုက်ရပြီးဖြစ်သည်လေ။
ယခုရန်သူတွေက လာနေပြီဖြစ်သော်လည်း ကျန်းစစ်မင်သည် ထိကပါးရိကပါးပြောသောစကားများကို ဂရုမစိုက်ပါပဲ kar98 နှင့် သားကောင်ကို တိတ်တိတ်လေးစောင့်နေတော့သည်။
တစ်ခဏမျှကြာပြီးနောက်တွင် တဖက်အဖွဲ့၏ ပုံစံအပြည့်အစုံမှာ အရှေ့တောင်ဘက်သို့လာနေခဲ့ပြီဖြစ်သော်လည်း အနည်းငယ်ဝေးနေသေးသည်။
ကျုံးချန်နှင့် တခြားသူများသည် ပြိုင်ဘက်၏ ကိုယ်ပေါ်မှလက်နက်ချပ်ဝတ်များ ပုံသဏ္ဍာန်ကို တွေ့သောအခါ သူတို့၏ အမူအရာများမှာ အတည်ပေါက်ကြီးဖြစ်လာကြသည်။
ပြိုင်ဘက်တွေအကုန်လုံးက ဝတ်စုံပြည့်နှင့်ပင်!
ခေါင်းပေါ်တွင် မျက်စိဖမ်းစားနိုင်သည့် ခေါင်းဆောင်းတစ်ခုလည်းရှိသေးသည်။ အဲ့တာက လယ်ဗယ်မြင့် ခေါင်းဆောင်းပဲ!
“ငါလုပ်နေတယ်။ တစ်ဖက်က ကိရိယာတွေက ကောင်းလွန်းနေလို့ တိုက်ဖို့ နည်းနည်းခက်တယ်ကွ။”
သံချပ်ကာက ကျည်ဆန်အများအပြားကို ခုခံနိုင်တာကြောင့် စက္ကန့်အနည်းငယ်အတွင်း ပြိုင်ဖက်တွေကို အပျောက်ဖျောက်ရန် ခက်လွန်းလှသည်။
ဘန်း!
ထိုအချိန်၌ပင် ကျည်ဆန်တစ်တောင့်က တိတ်ဆိတ်ခြင်းကို ဖြိုခွဲလိုက်လေသည်။ ၎င်းမှာ ဝမ်ကျွင်းမှ ပစ်ခတ်လိုက်ခြင်းဖြစ်သည်။
မခံမရပ်နိုင်ဖြစ်နေသော ဝမ်ကျွင်းမှာ သူတို့ကို အရင်ပစ်လိုက်ပြီး တစ်စက္ကန့်အတွင်း သူတို့၏ တည်နေရာအားဖော်ထုတ်နိုင်လိမ့်မည်ဟုထင်နေခဲ့သည်။
ကျုံးချန်နှင့် ယွမ်ပင်တို့ နှစ်ယောက်လုံး သူတို့ နှလုံးသားထဲတွင် ဆဲရေးနေခဲ့သော်လည်း သဘာဝကျကျပင် သူတို့ ထုတ်ပြောလိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် သူတို့ အော်ရုံသာအော်နိုင်လိုက်ပြီး ပစ်ခတ်ခြင်းရဲ့ နောက်ကိုလိုက်ပြီး စတင်ပစ်ခတ်လေတော့သည်။
အလျင်စလို ပစ်ခတ်ခြင်းက အနည်းငယ်သာ အကျိုးသက်ရောက်မှုရှိလေသည်။
လူသုံးယောက်မှာ သူတို့ထဲက တစ်ယောက်တောင်မဆုံးရှံးလိုက်တာကြောင့် ရန်သူအဖွဲ့မှာ ချက်ချင်း တုန့်ပြန်လာပြီး ပုန်းရှောင်ရန် ကတုတ်ကျင်းများထဲသို့ပြေးလေတော့သည်။
ကြည့်ရတာ ထိုအဖွဲက ကစားတာတော်ပုံရပြီး အလျင်မလိုခဲ့ပေ။ သူတို့က နည်းစနစ်ကျနကြလေသည်။
ဆန့်ကျင်ဘက်တွင်တော့ ဝမ်ကျွင်း၏ နှလုံးသားမှာ တဖက်အဖွဲ့၏ အတိအကျဗုံးအပစ်ခံလိုက်ရတာကြောင့် တုန်တုန် ယင်ယင်ဖြစ်လျက်ရှိသည်။
ဝမ်းကျွင်းမှာ အသတ်ခံလိုက်ရလုနီးပါးပင်။
“ခင်များ ဘာလို့မသွားတာလဲ။ မစ္စတာဝမ်၊ ခင်များဒီလို လုပ်လို့မရဘူးလေ……..”
ကျုံးချန်က မြေကြီးပေါ်တွင် တုန်လှုပ်စွာ ဝပ်နေသည့် ဝမ်ကျွင်းကိုပြောလိုက်လေသည်။
“ကောင်းပြီ…… အဲ့အဖွဲ့ ကံကောင်းသွားတာ။ တခြားသေနတ်သမားတွေအများကြီးကို ပစ်ပြီးမှ ငါတို့ သူတို့ကို ရှင်းပစ်ကြမယ်။”
ဝမ်ကျွင်းက ရိုင်းစိုင်းသည့် စကားတွေကို ပြောချလိုက်ပြီး လှည့်ကာ ထွက်ပြေးသွားလေတော့သည်။
::::::::::::::::::::::::::::::::::::::::::::::::::

PUBG ကစားရင်း ပစ္စည်းတွေကောက်မယ် ( ကျန်းစစ်မင် )Where stories live. Discover now